အမေရိကန်ပြည်ထောင်စု အနောက်တောင်ပိုင်းနဲ့ အနောက်ပိုင်းမှာ ခြစ်ခြစ်တောက်ပူတဲ့ ရာသီဥတုကို ရင်ဆိုင်နေရတာပါ။
စံချိန်ကျိုးအောင်ပူလို့ နာမည်ကြီးတဲ့ ကာလီဖိုးနီးယားပြည်နယ်က သေမင်းတောင်ကြားမှာ ဇွန် ၁၆ ရက်က ဒီနှစ်အတွက် ပထမဆုံး အနေနဲ့ အပူချိန် ၁၂၉ ဒီဂရီ ဖာရင်ဟိုက်၊ ၅၄ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ ရှိခဲ့ပါတယ်။
ဒီလောက် အပူလှိုင်းကိုတွေ့ဖို့ စောသေးပြီး အရင်က ဒါမျိုး ဖြစ်ဖူးပေမဲ့ ဖြစ်နေကျတော့ မဟုတ်ဘူးလို့ သေမင်းတောင်ကြား သဘာဝဥယျာဉ်ရဲ့ ပြောခွင့်ရက ပြောပါတယ်။
ဒီနေရာမှာ ၁၉၁၃ ခုနှစ်က အပူချိန် ၁၃၄ ဒီဂရီ ဖှာရင်ဟိုက်၊ ၅၇ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ ရောက်အောင် စံချိန်တင် အမြင့်ဆုံး ပူခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီအပူချိန်ဟာ ဥယျာဉ်ကို ဒေသခံနဲ့ ကမ္ဘာလှည့် ခရီးသည်တွေ မလာအောင် မတားနိုင်ပါဘူး။
ဖှားနေ့စ်ခရိခ် ဧည့်ဆောင်အပြင်ဘက်က အပူချိန်တိုင်း ကိရိယာသာမိုမီတာဟာ အဓိက ဆွဲဆောင်နေတဲ့ အရာဖြစ်ပြီး ဧည့်သည်တွေက ဒီသာမိုမီတာနဲ့ တွဲပြီး ဓာတ်ပုံရိုက်နိုင်ဖို့ တန်းစီ စောင့်ဆိုင်းကြ ပါတယ်။
ဒီနှစ်နွေမှာ အမျိုးသား ဥယျာဉ်တွေဆီကို ဆိုင်ကယ်နဲ့ သွားရောက်လည်ပတ်သူ အသက် ၅၈ နှစ်အရွယ် ခရစ်ဖှိုစတာကတော့ ရှုခင်းက အပူကို အသာစီး ယူသွားတယ်လို့ ပြောပါတယ်။
ဒီနွေမှာ သေမင်းတောင်ကြားရဲ့ စံချိန်ကျိုးလုနီးပါး အပူချိန်ဟာ အခုမှ အစပဲ ရှိသေး တယ်လို့ ဥယျာဉ်ရဲ့ ပြောခွင့်ရက ပြောပါတယ်။