close

အပ်နှံ

close

December 2, 2022

ပြင်သစ်အစိုးရက တရားမဝင်ပိုင်ဆိုင်ထားသည့် လက်နက်များ လာအပ်နှံကြရန် ကမ်ပိန်းပြုလုပ်

ပြင်သစ်အစိုးရဟာ နိုင်ငံအတွင်း တရားမဝင်ပိုင်ဆိုင်ထားတဲ့ သေနတ်အရေအတွက် ၆ သန်းအထိ ကန့်သတ်ဖို့ ကြိုးပမ်းမှုအနေနဲ့ ရဲတပ်ဖွဲ့ဆီကို မကြေညာထားတဲ့သေနတ်တွေကို လာအပ်နှံကြဖို့ တစ်ပတ်ကြာ လှုပ်ရှားမှုကို ပြုလုပ်နေပါတယ်။

ပြင်သစ်မှာ ထပ်ခိုးတွေနဲ့ မြေအောက်ခန်းတွေမှာ နှစ်ချီ သိမ်းဆည်းထားကြတဲ့ သေနတ်တွေ ထောင်ပေါင်းများစွာ ရှိနေတာဖြစ်ပြီး ဒီကမ်ပိန်းဟာ ပြင်သစ်ပြည်သူတွေကို သူတို့နေရာတွေကို အတော်လေးယူထားတဲ့ ဒီပစ္စည်းတွေကို လာအပ်နှံနိုင်ဖို့ ကူညီတာဖြစ်ပြီး ပြည်သူတွေကလည်း ဒီကမ်ပိန်းအတွက် သဘောကျကြတယ်လို့ နိစ်မြို့ ရှိ ရဲတပ်မှူး ဖလော်ရန့်ဂါဗယ်လိုက ပြောကြားခဲ့ပါတယ်။

ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၅ ရက်မှာ ဒီကမ်ပိန်းကို စတင်လိုက်ချိန်ကတည်းက ပြင်သစ်နိုင်ငံတဝန်း လက်နက်အပ်နှံရေး နေရာပေါင်း ၃၀၀ မှာ အာဏာပိုင်တွေ လက်ခံရရှိထားတဲ့ လက်နက်အမျိုးအစားတွေထဲမှာ ရိုင်ဖယ်သေနတ်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ ဓားတွေ၊ လက်ပစ်ဗုံးတွေလည်း ပါဝင်ပါတယ်။

နိုဝင်ဘာ ၃၀ ရက် ဗုဒ္ဓဟူးနေ့က လက်နက်ပေါင်း ၆၅,၀၀၀ နဲ့အတူ သေနတ်ကျည်ဆန်တွေ၊ တခြား အမြောက်ဆန်နဲ့ ဒုံးကျည်တွေ စုစုပေါင်း ၁ ဒသမ ၆ သန်းကို လွှဲပေးခဲ့ပါတယ်။

ပြင်သစ်နိုင်ငံတောင်ပိုင်း၊ နိစ်မြို့ရှိ ရဲစခန်းတစ်ခုမှာ တန်းစီနေကြတဲ့ လူတွေဟာ ဘိုးဘွားအမွေ၊ မိဘအမွေအဖြစ် ရရှိထားတဲ့ သေနတ်တွေကို သူတို့လက်ရှိမှာလဲ အသုံးမပြုတာကြောင့် အပ်နှံဖို့ရောက်လာကြတာပါ။

မကြေညာရသေးတဲ့ သေနတ်ပိုင်ရှင်တွေဟာ အရေးယူမှုတွေ မခံရဘဲ လက်နက်တွေကို လွတ်လွတ်လပ်လပ် ယူဆောင်လာနိုင်ပြီးတော့ ရဲစခန်းမှာ မှတ်ပုံလာတင်တာ ဒါမှမဟုတ် ထားခဲ့လို့လဲ ရပါတယ်။

သောကြာနေ့ ကမ်ပိန်း ပြီးဆုံးသွားရင်တော့ စုဆောင်းထားတဲ့ အစိတ်အပိုင်းတွေနဲ့ သမိုင်းဝင်သေနတ်တွေကို ပြတိုက်တွေဆီ ပေးအပ်မှာဖြစ်ပြီး တချို့ကိုတော့ ဖျက်ဆီးပစ်ဖို့ စီစဉ်ထားပါတယ်။

10 mins Ago
Up