close

အပျက်အစီး

close

April 10, 2023

မာဆေးလ်မြို့တွင် ပေါက်ကွဲမှုဖြစ်၊ အပျက်အစီးများအောက် လူ ၁၀ ဦးထက်မနည်း ပိတ်မိနေ

ပြင်သစ်နိုင်ငံတောင်ပိုင်း မာဆေးလ်မြို့မှာ ဧပြီ ၉ ရက်က ပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး အပျက်အစီးတွေအောက်မှာ လူ ၁၀ ဦးထက်မနည်း ပိတ်မိနေတယ်လို့ ပြည်ထဲရေးဝန်ကြီး ဂျီဟွန်း ဒါမာနာက ပြောပါတယ်။

ပေါက်ကွဲရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ အဆောက်အဦ ၂ ခုပြိုကျတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းအတွက် နာရီပေါင်းများစွာ ကြာနိုင်တယ်လို့ ဒါမာနာက ပြောပါတယ်။ အပျက်အစီးတွေအောက်မှာ လူ ၄ ဦးကနေ ၁၀ ဦးကြားရှိနိုင်တယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။

ဒဏ်ရာပြင်းထန်တဲ့ လူငါးဦးကို ဆေးရုံထားပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း၊ ခြောက်ယောက်မြောက်လူနာက တုန်လှုပ်ခြောက်ခြားနေဆဲပဲလို့ ဆိုပါတယ်။ 

တတိယအဆောက်အအုံက တစိတ်တပိုင်း ပြိုကျခဲ့ပြီး လူ ၈၀ လောက်ကို ဧရိယာအတွင်း အဆောက်အအုံ ၃၀ လောက်ကနေ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ပြိုကျတဲ့ အဆောက်အဦတွေမှာ တည်ဆောက်ပုံဆိုင်ရာ ပြဿနာတွေ ရှိနေတာကို မသိရှိခဲ့ဘူးလို့ ဒါမာနာက ပြောပါတယ်။

3 hours Ago

May 7, 2021

ရန်ကုန်လေဘေး အပျက်အစီးများ (ဓာတ်ပုံ)

ရန်ကုန်မြို့မှာ မေလ ၆ ရက် မွန်းလွဲပိုင်းက လေပြင်းတွေတိုက်ခတ်ခဲ့တာကြောင့် ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်း၊ အင်းယားလမ်း၊ ရန်ကုန်-အင်းစိန်လမ်းမပေါ်တွေနဲ့ စမ်းချောင်းမြို့နယ် ဗဟိုလမ်းမှာ သစ်ပင်လဲကျ လမ်းပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့လို့ မီးသတ်တပ်ဖွဲ့တွေက သွားရောက် ရှင်းလင်းခဲ့ရပါတယ်။

ဓာတ်ပုံ- FSD

2 years Ago
Up