close

အပြင်ထွက်ခွင့်အချိန်ကန့်သတ်

close

July 25, 2021

မန္တလေး Stay at Home မြို့နယ်များ အပြင်ထွက်ခွင့် အချိန် ကန့်သတ်

မန္တလေးခရိုင်အတွင်းရှိ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာ ပြည်သူတွေ အပြင်ထွက်ခွင့်အတွက် အချိန် ကန့်သတ်တာတွေ စစ်ကောင်စီက လုပ်ဆောင်ထားပါတယ်။

မနက် ၆  နာရီ ကနေ မနက် ၉  နာရီအထိ တကြိမ်၊ နေ့လယ် ၃  နာရီကနေ ညနေ ၆ နာရီအထိ တကြိမ် ဈေးဝယ်ခွင့်ပြုမှာဖြစ်ပြီး ကျန်းမာရေးနဲ့  တခြားအရေးကြီးကိစ္စရပ်တွေမှအပ နေအိမ်ပြင်ပ ထွက်ခွင့်မရှိဘူးလို့ မြို့နယ် အလိုက် ထုတ်ပြန်ထားပါတယ်။

လိုက်နာဖို့ ပျက်ကွက်သူသူတွေ ဒဏ်ကြေး ကျပ် ၅၀၀၀  သတ်မှတ်ကောက်ခံသွားမှာဖြစ်တဲ့အပြင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ ဆိုင်ထိုင် ရောင်းချတာတွေ့ခဲ့ရင်လည်း တရားစွဲဆိုတာ၊ လုပ်ငန်းလိုင်စင် ပိတ်သိမ်းတာတွေ လုပ်မယ်လို့ သိရပါတယ်။

မန္တလေးခရိုင်ထဲက  (၇) မြို့နယ်ဖြစ်တဲ့ ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ပုသိမ်ကြီးနဲ့ အမရပူရ တို့ကို ဇူလိုင်လ ၂ ရက်နေ့ကနေစပြီး Stay at home မြို့နယ်တွေအဖြစ် အာဏာသိမ်းစစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန ကနေ ထုတ်ပြန်ထားပါတယ်။

7 mins Ago
Up