close

အပြစ်မဲ့ လူငယ်

close

October 27, 2021

ဖြူးမြို့တွင် အပြစ်မဲ့ လူငယ်တစ်ဦး ပစ်သတ်ခံရ

တောင်ငူခရိုင် ဖြူးမြို့နယ်မှာ အောက်တိုဘာလ ၂၆ ရက် မနက် ၁၁ နာရီဝန်းကျင်က လူငယ်တစ်ယောက် သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ 

ညောင်ပင်သာမြို့နယ်ကအပြန် စစ်ကောင်စီတပ်သားတွေက ကားရပ်ခိုင်းတာမှာ မရပ်တဲ့အတွက် သေနတ်နဲ့ပစ်ခတ်တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

သေဆုံးသူဟာ အသက် ၂၆ နှစ်အရွယ် ကရင်တိုင်းရင်းသား စောအယ်ကော်သော ဖြစ်ပြီး ရုပ်အလောင်းကိုတော့ မြို့မ နာရေးကူညီမှုအသင်းက ခရစ်ယာန်သုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

သေဆုံးသူဟာ High Class ကုမ္ပဏီ ဝန်ထမ်းဖြစ်ပြီး သူနဲ့ လိုက်ပါလာတဲ့ ကျန်နှစ်ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

1 min Ago
Up