အာဏာသိမ်း စစ်ကောင်စီက လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်မှာ ဒီကနေ့ နိုဝင်ဘာ ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲလောက်စပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီပစ်ခတ်မှုဟာ မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်က နေအိမ်တလုံးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရောက်ရှိနေကြောင်း ဒလန်သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်စီးနင်းစဉ် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
အချိန် ၁ နာရီခွဲအကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး သားဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။
နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) ၃ ဦး ကျဆုံးပြီး ၁ ဦး ဖမ်းဆီးခံထားရတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် ဒီဗွီဘီအနေနဲ့ သီခြားအတည်မပြုနိုင်သေးပါဘူး။
မော်လမြိုင်မြို့ပေါ် ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က လက်နက်ကြီး ၈ လုံးထက်မနည်း ရမ်းသန်းပစ်ခတ်ခဲ့သလို ရပ်ကွက်နေသူတွေကိုလည်း နေအိမ်အပြင်ထွက်ရင် ပစ်ခတ်သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ မော်လမြိုင်မြို့ ဒိုင်ဝန်းကွင်းရပ်ကွက်နဲ့ ဇေယျာသီရိရပ်ကွက်ရှိ လမ်းတချို့ကို ဖြတ်သန်းသွားလာခွင့် ပိတ်ဆို့ထားသလို မြို့အဝင်အထွက် နေရာတွေမှာ လုံခြုံရေးတင်းကျပ်ထားတာပါ။
အစ္စလာမစ်ဘာသာရေး စစ်ဝါဒီအုပ်စုက အစ္စရေးနိုင်ငံဆီကို ရာချီတဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်နေချိန် ဩဂုတ် ၆ရက်မှာ အစ္စရေးကလည်း ဂါဇာကို လေကြောင်းကနေ ထောင်းလမောင်းကြေအောင် တိုက်ခိုက်ခဲ့ပါတယ်။
နယ်စပ်ဖြတ်ကျော် တိုက်ပွဲတွေရဲ့ ဒုတိယမြောက်နေ့မှာ ကလေး ၄ ယောက် အပါအဝင် လူ ၆ ယောက် ထက်မနည်း သေဆုံးခဲ့ ပါတယ်။
အစ္စရေးဝန်ကြီးချုပ် ယယ်အီးလာပစ်က အမျိုးသားလုံခြုံရေး ကိစ္စရပ်အတွက် ဝန်ကြီးအဆင့် ကော်မတီ အစည်းအဝေးကို တဲလ်အဗီမြို့တော်မှာ ညကြီးမင်းကြီး ခေါ်ယူခဲ့ပါတယ်။
အစ္စရေးဟာ သူ့လူတွေ ဘေးကင်းစေဖို့ မဆိုင်းမတွ ဆက်လုပ်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အစ္စလာမစ်ဂျီဟတ်အဖွဲ့ဟာ အစ္စရေးရဲ့ စီးပွားရေးအချက်အခြာ တဲလ်အဗီမြို့ထိ ဝေးတဲ့ နေရာတွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်။
ဂါဇာရဲ့ လူနေရပ်ကွက်ထဲမှာ ဝှက်ထားတဲ့ လက်နက် သိုလှောင်ရုံတွေကို အစ္စရေးက လေကြောင်း ကနေ ပစ်ခတ်ခဲ့လို့ အိမ်တချို့ ပျက်စီးခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
၂ ရက်ကြာ အပစ်အခတ်တွေကြားမှာ ကလေး ၆ ယောက်အပါအဝင် ပါလက်စတိုင်း ၂၄ ယောက်ထက်မနည်း သေဆုံးပြီး ၂၀၃ ယောက် ဒဏ်ရာရတယ်လို့ ဂါဇာကျန်းမာရေး ဝန်ကြီးဌာန က ပြောပါတယ်။
ပါလက်စတိုင်း စစ်သွေးကြွတွေက အစ္စရေးကို ဒုံးကျည် အစင်းရေ ၄၀၀ ကျော် ပစ်ခတ်ခဲ့ပြီး အများစု ကို ကြားဖြတ် ပစ်ချနိုင်ခဲ့ပါတယ်။
လေကြောင်းရန် အချက်ပေး ဥဩသံတွေ ဆူညံနေပြီး လူတွေ ဗုံးခိုကျင်းတွေထဲကို ပြေးခဲ့ကြလို့ ပြင်းထန်တဲ့ သေဆုံး ဒဏ်ရာရတာမျိုး အစီရင်ခံတာ မရှိဘူးလို့ အစ္စရေး လူနာတင်ယာဉ်ဌာနက ပြောပါတယ်။
အစ္စရေးက ဩဂုတ် ၅ ရက်မှာ ရုတ်တရက် တိုက်ခိုက်လို့ အစ္စလာမစ် ဂျီဟတ်အဖွဲ့ရဲ့ အကြီးတန်း စစ်ဦးစီးမှူး တယောက် သေဆုံးပြီး စစ်ရေးပစ်မှတ်တွေကို ဆက်တိုက် ထိမှန်ခဲ့ အပြီးမှာ နယ်စပ်ဖြတ်ကျော် တိုက်ပွဲတွေ စခဲ့တာလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
ဂါဇာကို လေကြောင်းတိုက်ခိုက်မှုဟာ ဟားမတ်စ်တွေထက် စာရင် (PIJ) လှုပ်ရှားမှုကို ပစ်မှတ်ထားတာလို့ အစ္စရေး အရာရှိတွေက ပြောခဲ့ပါတယ်။
ခုလို ဂါဇာမှာ တိုက်ပွဲ ဖြစ်နေချိန်မှာပဲ ပါလက်စတိုင်း အစ္စလာမစ်ဂျီဟတ်အဖွဲ့ (PIJ) ရဲ့ ခေါင်းဆောင် ဇီယတ် အယ်လ် နာခါလာဟာ အီရန် တော်လှန်ရေး အစောင့်တပ်ရဲ့ စစ်ဦးစီးမှူး ဗိုလ်ချုပ်ကြီး ဟူစိန် ဆာလာမီနဲ့ ဩဂုတ် ၆ ရက်မှာ အီရန်မြို့တော် တီရန်မှာ တွေ့ဆုံခဲ့ပါတယ်။
ဂါဇာက ပါလက်စတိုင်းတွေကို နောက်ဆုံး တိုက်ခိုက်မှု အတွက် အစ္စရေးဟာ ကြီးကြီးမားမား ပေးဆပ်ရမယ်လို့ ဆာလာမီက ပြောခဲ့တဲ့အကြောင်း အီရန် အစိုးရရုပ်သံက ဖော်ပြပါတယ်။