ဘီလီယံနာသူဌေးကြီး အီလွန်မတ်စ်ဟာ တွစ်တာလူမှုကွန်ရက် အသုံးပြုသူတွေကို ယူကရိန်းမှာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲ အဆုံးသတ်ရေး အစီအစဉ်အဖြစ် အချက် ၄ ချက်ကို ချိန်ဆဖြေဆိုပေးဖို့ အောက်တိုဘာ ၃ ရက်က တောင်းဆိုခဲ့ပြီး သူ့ရဲ့ထွစ်တာလူမှုကွန်ရက်ကို ယူကရိန်းသမ္မတ ဇလန်းစကီးကလည်း တုံ့ပြန်ပြခဲ့ပါတယ်။
ဇလန်းစကီးက အီလွန်မတ်စ်ကို ယူကရိန်းကို ထောက်ခံသူနဲ့ ရုရှားကို ထောက်ခံသူ အချက် ၂ ချက်ကို ပြန်မေးရင်း ခင်ဗျားရော ဘယ်ဟာပိုကြိုက်လည်းလို့ ပြန်မေးထားတာပါ။
Tesla ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်က ကုလသမဂ္ဂရဲ့ကြီးကြပ်ကွပ်ကဲမှုနဲ့ ရွေးကောက်ပွဲကိုပြန်လုပ်ဖို့၊ ၁၇၈၃ ခုနှစ်ကတည်းက ခရူးရှရဲ့အမှား ဖြစ်ခဲ့လို့ ခရိုင်းမီးယားဟာ ရုရှားရဲ့အစိတ်အပိုင်းဟောင်းဖြစ်ကြောင်း၊ ခရိုင်းမီးယားကို ရေထောက်ပံ့ပေးဝေဖို့နဲ့ ယူကရိန်းဟာ လက်ရှိအခြေအနေအတိုင်း လက်ခံဖို့ဆိုတဲ့ အချက် ၄ ချက်ကို ရေးထားတာပါ။
ဒီအစီအစဉ်မှာ မတ်စ်က တွစ်တာအသုံးပြုသူတွေကို ဟုတ်တယ်၊ မဟုတ်ဘူး တခုခုကို မဲပေးဖို့ တောင်းဆိုခဲ့တာပါ။
အီလွန်မတ်ဟာ သူ့အဆိုပြုချက်ကို လူကြိုက်များခြင်း ရှိ၊ မရှိ ဂရုမစိုက်ဘဲ လူသန်းပေါင်းများစွာဟာ မရှိမဖြစ်တဲ့ တူညီရလဒ် တခုအတွက် မလိုအပ်ဘဲ သေသွားနိုင်တာကိုပဲ ဂရုစိုက်ကြောင်း ငြင်းခုံခဲ့ပါတယ်။
အီလွန်မတ်စ်ရဲ့ ဒီတောင်းဆိုမှုကို ကမ္ဘာ့ခေါင်းဆောင်တွေကလည်း ရှုတ်ချတုံ့ပြန်ခဲ့ကြပါတယ်။
လစ်သူယေးနီးယား သမ္မတ ဂီတာနက်စ်နာရူဆီဒါက အီလွန်မတ်စ်ကို မင်းရဲ့ကားဘီးတွေကို လာဖြုတ်ခိုးတဲ့သူကို ကားရဲ့ပိုင်ရှင်၊ ကားဘီးရဲ့ပိုင်ရှင်ဖြစ်လာအောင် မလုပ်နဲ့လို့ တွစ်တာမှာ တုံ့ပြန်ခဲ့ပါတယ်။
ဂျာမနီနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီး အန်ဒရီ မဲလ်နစ်ခ်ကလည်း အီလွန်မတ်စ်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို ခပ်ကြမ်းကြမ်း စကားလုံးတွေနဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။