close

အပြန်အလှန်လေးစားမှု

close

January 12, 2023

အပြန်အလှန်လေးစားမှုရှိရန် အမေရိကန်ကို တရုတ်တိုက်တွန်း

အမေရိကန် အောက်လွှတ်တော်က တရုတ်နိုင်ငံနဲ့ယှဉ်ပြိုင်ဖို့ အာရုံစိုက်တဲ့ ကော်မတီသစ် တရပ်ကို ဖွဲ့စည်းပြီးတဲ့နောက် အပြန်အလှန် လေးစားမှုကို ကျင့်သုံးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၁ ရက်မှာ အမေရိကန်ကို တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ဘက်က တရုတ်အစိုးရနဲ့ အမေရိကန်-တရုတ် ဆက်ဆံရေးကို ဓမ္မဓိဋ္ဌာန်ကျကျ ဆင်ခြင်တုံတရားနဲ့ ကြည့်ဖို့၊ တရုတ်နဲ့ ဘုံအကျိုးစီးပွားအတွက် ဆောင်ရွက်ဖို့၊ နှစ်နိုင်ငံကြား အတူယှဉ်တွဲနေထိုင်ရေးနဲ့ နှစ်ဖက်စလုံး အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် လေးစားမှု၊ ငြိမ်းချမ်းမှုကို အခြေခံတဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့ မျှော်လင့်ပါတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ဘင်က ဘေဂျင်းမြို့တော် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ရီပတ်ဘလစ်ကန်ပါတီဝင်တွေက တရုတ်အစိုးရရဲ့ ကြီးထွားလာနေတဲ့ နိုင်ငံတကာသြဇာ လွှမ်းမိုးမှုကို တန်ပြန်ဖို့ တရုတ်ဆိုင်ရာ ကော်မတီတရပ်ကို ရွေးချယ်ဖွဲ့စည်းဖို့ အမေရိကန် အောက်လွှတ်တော်က ဇန်နဝါရီ ၁၀ ရက်က တခဲနက် မဲပေးခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ်ကွန်မြူနစ်ပါတီကြား မဟာဗျူဟာပြိုင်ဆိုင်မှုဆိုင်ရာ ကော်မတီကို ထူထောင်တဲ့ ဆုံးဖြတ်ချက်ကို အောက်လွှတ်တော်က ထောက်ခံမဲ ၃၆၅ မဲပေးခဲ့ပြီး မူဝါဒအကြံပြုချက်တွေကို ချမှတ်ခဲ့ပါတယ်။

52 mins Ago
Up