close

အပြောင်းအရွှေ့ဘတ်ဂျက်

close

June 8, 2022

ချဲလ်ဆီးပိုင်ရှင်သစ်က အပြောင်းအရွှေ့ဘတ်ဂျတ် ပေါင်သန်း ၂၀၀ ထုတ်ပေးမည်

ချဲလ်ဆီးအသင်းပိုင်ရှင်သစ် တော့ဒီဘိုလီဟာ အပြောင်းအရွှေ့ဘတ်ဂျက်အနေနဲ့ ပေါင်သန်း ၂၀၀ ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

အမေရိကန်စီးပွားရေးလုပ်ငန်းရှင် တော့ဒီဘိုလီဟာ ပြီးခဲ့တဲ့လပိုင်းကမှ ချဲလ်ဆီးအသင်းကို ပေါင် ၄ ဒသမ ၂၅ ဘီလီယံနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး အသင်းကို အောင်မြင်မှုတွေ ဆက်လက်ရရှိဖို့ အစီအစဉ်ချထားတာပါ။

လာမယ့်နွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့အတွက် ပေါင်သန်း ၂၀၀ ထုတ်ပေးမှာဖြစ်သလို နည်းပြတူချယ်ကိုလည်း လုပ်ပိုင်ခွင့် အပြည့်အဝပေးထားမယ်လို့ တယ်လီဂရပ်ဖ်သတင်းမှာ ဖော်ပြပါတယ်။

ပိုင်ရှင်သစ်ဟာ မန်စီးတီးနဲ့ လီဗာပူးအသင်းတွေမှာ နည်းပြဂွါဒီယိုလာနဲ့ ယာဂန်ကလော့ပ်တို့ကို လုပ်ပိုင်ခွင့်ပေးထားသလိုမျိုး တူချယ်ကိုလည်း အပြောင်းအရွှေ့မှာ စိတ်ကြိုက်ကစားသမား ခေါ်ယူခွင့်ပေးမယ်လို့ သိရပါတယ်။

အဆင်မပြေဖြစ်နေတဲ့ အသင်းတိုက်စစ်မှူး လူကာကူနဲ့ ပတ်သက်ပြီးတော့လည်း ရက်ပိုင်းအတွင်းမှာ အဖြေရှာသွားမယ်လို့ ဆိုပါတယ်။

ဦးစားပေးခေါ်ယူဖို့ ပစ်မှတ်ထားတဲ့ ကစားသမားတွေအနေနဲ့ ဘာစီလိုနာ တောင်ပံတိုက်စစ်မှူး ဒမ်ဘီလီနဲ့ ဂျူဗင်တပ်နောက်ခံလူ ဒီလစ်တို့ကို သတ်မှတ်ထားတယ်လို့ သိရပါတယ်။

42 seconds Ago
Up