စပိန်နိုင်ငံမြောက်ပိုင်း၊ ပမ်ပလိုနာမြို့မှာ သီတင်းပတ်ချီ ကျင်းပတဲ့ စန်ဖှာမင်ပွဲတော်အတွင်း အန္တရာယ်အရှိဆုံး နွားသိုးလိုက်ပွဲကို ဇူလိုင် ၁၁ ရက်က ကျင်းပရာမှာ အပြေးသမား သုံးယောက် နွားသိုးဝှေ့ခံရပြီး တခြားလူ အမြောက်အမြား အနင်းခံခဲ့ရပါတယ်။
ဒေသစံတော်ချိန် မနက် ၈ နာရီမှာ နွားသိုးတွေကို လွှတ်ပေးလိုက်ရာက ခုလို ဖြစ်ခဲ့တာပါ။ နွားတွေနဲ့ အပြေးသမားတွေ မြို့တွင်း နွားသိုးလိုက်ပွဲကို ရောက်ပြီး သုံးမိနစ်ကျော်အကြာမှာ အနည်းဆုံး လူခြောက်ယောက်ကို ဆေးကုပေးလိုက်ရပါတယ်။
ဆေဘာဒါ ဂါဂို နွားမွေးမြူရေးခြံက တိရစ္ဆာန်တွေဟာ စန်ဖှာမင် နွားသိုးလိုက်ပွဲမှာ အန္တရာယ်အရှိဆုံး တိရစ္ဆာန်တွေအဖြစ် လူသိများပြီး နှစ် ၃၀ ကျော်အတွင်း လူပေါင်း ၅၆ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။
ဇူလိုင် ၉ ရက်မှာ အပြေးသမား သုံးယောက် နွားဝှေ့ခံရပြီး စုစုပေါင်း ခုနှစ်ယောက်ကို ဆေးရုံတင်ပေး ခဲ့ရပါတယ်။
နှစ်စဉ် ဇူလိုင် ၇ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ ကျင်းပတဲ့ပွဲတော်ကို ကိုဗစ် ကန့်သတ်ချက်တွေ ကြောင့် ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၁ ခုနှစ်တွေမှာ ဖျက်သိမ်းခဲ့ပါတယ်။