close

အဘိုးအိုနှင့်သားသုံးယောက်ရုပ်တု

close

June 9, 2022

မြစ်ကြီးနားမြို့တွင် “အဘိုးအိုနှင့် သားသုံးယောက်ရုပ်တု” ကို မီးရှို့ဆန္ဒပြ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ဗလမင်းထင်တံတားနဲ့ ကချင်ပြည်နယ်လွှတ်တော်အနီး လမ်းဆုံမှာထားရှိတဲ့  “အဘိုးအိုနဲ့ သားသုံးယောက်” ထင်းစည်းချိုးနေဟန် ပုံစံတူရုပ်တု ဇွန် ၈ ရက် ညပိုင်းက မီးရှို့ခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့ညပိုင်းက ရုပ်တုအနီး လူငယ်တချို့ရောက်လာပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ကြွေးကြော်ကာ ရုပ်တုကို မီးရှို့ဆန္ဒထုတ်ဖော်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံအမျိုးသားတဦးက “ည ၈ နာရီလောက်က လူငယ် ၄ ဦး ၅ ဦးလောက်ရှိတယ်၊ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်လို့ ကြွေးကြော်ပြီး ရုပ်တုကို မီးရှို့ဖျက်ဆီးလိုက်တာ၊ မီးရှို့ပြီး ထွက်သွားတယ်၊ ဘယ်သူတွေလဲတော့ မသိဘူး” လို့ ပြောပါတယ်။

ဆန္ဒထုတ်ဖော် မီးရှို့အပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား ရောက်လာပြီး  မီးငြှိမ်းသတ်ခဲ့ပါတယ်။

စစ်အာဏာရှင်တော်လှန်ရေး ကြာရှည်လာတာနဲ့အမျှ စည်းလုံးမှုအားနည်းလာတဲ့ ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဆက်လက်ဆန္ဒထုတ်ဖော် သပိတ်မှောက်ဖို့၊ လူမှုပြစ်ဒဏ်တွေဆက်လက်ပြုလုပ်ဖို့၊ CDM တွေကို ဆက်လက်ကူညီဖို့နဲ့ CDM ဝင်ရောက်ပြီး ဓမ္မဘက်ရပ်တည်ကြဖို့ စည်းလုံးခြင်းရုပ်တု “အဘိုးအိုနဲ့ သားသုံးယောက်ရုပ်တု” ကို မီးရှို့ ဆန္ဒထုတ်ဖော်လိုက်တာဖြစ်ကြောင်း Kachin  State Civilian Movement က ထုတ်ပြန်ခဲ့ပါတယ်။

43 seconds Ago
Up