close

အဘွန်လဟော်

close

September 29, 2022

အင်္ဂလန်အသင်းကနေ အာနိုးလ် အနားယူသင့်ဟု အဘွန်လဟော် တိုက်တွန်း

နောက်ခံလူ အာနိုးလ်အနေနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းကနေ အနားယူသင့်တယ်လို့  အင်္ဂလန် တိုက်စစ်မှူးဟောင်း အဘွန်လဟော်က ပြောပါတယ်။

လီဗာပူးနောက်ခံလူဟာ အင်္ဂလန်အသင်းမှာ ရွေးချယ်ခံခဲ့ရပေမဲ့ လူစာရင်းမှာတောင် ပါဝင်ခဲ့ခြင်း မရှိသလို ရီဆီဂျိမ်းစ်၊ ထရစ်ပီယာတို့ရဲ့နောက် တတိယဦးစားပေး ကစားသမား ဖြစ်နေရတာပါ။

TALK SPORT နဲ့ အင်တာဗျူးအစီအစဉ်မှာတော့ အာနိုးလ်အနေနဲ့ ပွဲကစားခွင့်မရတဲ့အပေါ် စိတ်ပျက်နေမှာဖြစ်ပြီး ကမ္ဘာ့ဖလား လူစာရင်းမှာ မပါဝင်ခဲ့ဘူးဆိုရင် ကစားသမားဘဝကနေ အနားယူသင့်ကြောင်း အဘွန်လဟော်က ပြောပါတယ်။

“အာနိုးလ်အနေနဲ့ အမှန်တကယ် အနားယူသွားခဲ့ရင်လည်း ကျနော် အံ့အားသင့်မှာ မဟုတ်ပါဘူး။ ပွဲကစားခွင့် မရနိုင်တဲ့အခါ နိုင်ငံအသင်းကနေ အနားယူသွားကြတဲ့ ကစားသမားတွေကို အရင်ကတည်းက တွေ့ကြုံခဲ့ဖူးပြီးသားပါ” လို့ တိုက်စစ်မှူးဟောင်း အဘွန်လဟော်က ပြောပါတယ်။

အာနိုးလ်ဟာ ၂၀၁၈ ခုနှစ်ကတည်းက အင်္ဂလန်လက်ရွေးစင် ဖြစ်ခဲ့ပေမဲ့ စုစုပေါင်း ၁၇ ပွဲပဲ ကစားခွင့်ရခဲ့ပါတယ်။

14 mins Ago
Up