close

အမည်မသိလက်နက်ကိုင်အဖွဲ့

close

April 13, 2023

ဗန်းမောက်တွင် မြို့မိမြို့ဖ ၁ ဦးအပါအဝင် ၅ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က မြို့မိမြို့ဖ တဦးအပါအဝင်  အမျိုးသားငါးဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၁၁ ရက်က စက်တောကျေးရွာ မင်္ဂလာဆောင်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

"စက်တော မင်္ဂလာဆောင် ခန်းမရှေ့မှာပဲ လာဖမ်းသွားတာ။  သေနတ်တွေနဲ့ ဘယ်အဖွဲ့အစည်းမှန်းလဲ မသိဘူး။ မင်္ဂလာဆောင် ခန်းမရှေ့မှာပဲ မြို့မိမြို့ဖကို လက်ပြန်ကြိုးတုတ်ပြီး ကားထဲထည့်ခေါ်သွားတယ်။ ကျန်တဲ့သူတွေကိုတော့ လက်ပြန်ကြိုးမတုတ်ဘူး။ ဘာကြောင့် ဖမ်းသွားတာလဲ ဆိုတာတော့ မသိရဘူးဗျာ့။" 

အမည်မသိ လက်နက်ကိုင်အဖွဲ့က ဗန်းမောက် မြို့မိမြို့ဖ ဦးအောင်ရွှေထူး အပါအဝင် ဦးကျော်မြင့်၊ ဦးမြင့်နိုင်၊ ဦးမောင်ဦး နဲ့ အမျိုးသားလူငယ်တဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘယ်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာမသိရဘဲ အဆက်အသွယ်မရသေးဘူးလို့လည်း ဆိုပါတယ်။                

စက်တောကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့ကလည်း အထက်တန်းကျောင်းအုပ်ဆရာမတဦးနဲ့ ကျောင်းစာရေးမတဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့က လာရောက်ဖမ်းဆီးသွားပြီး မိသားစုတွေနဲ့ အခုအချိန်ထိ အဆက်အသွယ်မရသေးပါဘူး။

3 hours Ago

November 16, 2021

ပုသိမ်မြို့ရှိ ရေကြောင်းရဲတပ်ဖွဲ့စခန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့ လာရောက်ပစ်ခတ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ နိုဝင်ဘာ ၁၆ ရက် ညပိုင်းက စစ်ကောင်စီသြဇာခံ ရေကြောင်းရဲတပ်ဖွဲ့စခန်းကို အမည်မသိလိုက်နက်ကိုင်အဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အမှတ် ၄ ရပ်ကွက် ကမ်းနားလမ်းမှာရှိတဲ့ ရေကြောင်းရဲတပ်ဖွဲ့စခန်းကို လာရောက်ပစ်ခတ်ရာကနေ အပြန်အလှန်ပစ်ခတ်မှုတွေ မိနစ် ၂၀ ကြာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

" အရင်ဆုံး သေနတ်သံကြားရတော့ သူတို့ဘာ သူတို့ မူးမူးရူးရူးနဲ့ ပစ်တယ်ထင်တာ အထက ၉ နားမှာလည်း တပ်စွဲထားတော့ အဲ့ကကောင်တွေ မူးပစ်တယ်ထင်နေတာ ပြီးမှ အဲ့နားက လူတွေ မေးကြည့်တော့ အပြန်အလှန်ပစ်နေတယ်ဆိုတာ သိတာ''လို့ ဒေသခံတဦးက ပြောပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပွားချိန်မှာ ဒေသခံပြည်သူတွေက မီးပိတ်နေခဲ့ကြရပြီး ဘယ်အဖွဲ့အစည်းက ဝင်ရောက်ပစ်ခတ်တယ်ဆိုတာနဲ့ ထိခိုက် ဒဏ်ရာရရှိမှု အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ရောက်လာပြီး နီးစပ်ရာ ရပ်ကွက်တွေကို ဧည့်စာရင်းဝင်စစ်ဖို့  ရှိနေတယ်လို့ သိရပါတယ်။

1 year Ago
Up