close

အမတ်လောင်း

close

February 12, 2022

ဩစတြေးလျ အမတ်လောင်းများအား ပံ့ပိုးမည့် အစီအစဉ် တရုတ်ငြင်းဆို

မကြာခင် ကျင်းပမယ့် ဩစတြေးလျ ပြည်ထောင်စုရွေးကောက်ပွဲမှာ လေဘာပါတီအတွက် ကိုယ်စားလှယ်လောင်းတွေကို ရံပုံငွေ ပံ့ပိုးဖို့ တရုတ်ရဲ့ အကြံအစည်ကို ဩစတြေးလျ အမျိုးသား လုံခြုံရေး အေဂျင်စီက ပယ်ဖျက် လိုက်တယ်ဆိုတဲ့ အစီရင်ခံစာ ထွက်ပေါ်နေပါတယ်။

အဲဒီအစီရင်ခံစာကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၁ ရက်မှာ ငြင်းဆို လိုက်ပါတယ်။

တရုတ်နဲ့ အားကောင်းကောင်းအဆက်အသွယ်ရှိတဲ့ အမည်မဖော်တဲ့ စီးပွားရေးသမား တယောက်က အစိုးရရုံးတွေအပေါ် ဩဇာလွှမ်းနိုင်ဖို့ နယူးဆောက်သ်ဝေးပြည်နယ်က ကိုယ်စားလှယ်တွေကို ရံပုံငွေ ပံ့ပိုးဖို့ စီစဉ်နေတာကို ဩစတြေးလျ မီဒီယာက သောကြာနေ့မှာ ဖော်ထုတ် ဖော်ပြခဲ့တာပါ။

အစီအစဉ်ကို ဩစတြေးလျ လုံခြုံရေးထောက်လှမ်းရေးအဖွဲ့ (ASIO) က ထောက်လှမ်း ဟန့်တားနိုင်ခဲ့တယ်လို့ မီဒီယာက ပြောပါတယ်။

စွဲချက်တွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မပြောခဲ့ပါဘူး။ ဒီအကြံအစည်ရဲ့ နောက်ကွယ်မှာ တရုတ် ထောက်လှမ်းရေးဌာနလည်း ပါတယ်လို့ အမည်မဖော်တဲ့ လုံခြုံရေး သတင်းရင်းမြစ်ကို ကိုးကားပြီး The Sydney Morning Herald နဲ့ The Age သတင်းဌာနတွေက ဖော်ပြပါတယ်။

တရုတ်ကတော့ ဩစတြေးလျနိုင်ငံရဲ့ ပြည်တွင်းရေးကို ဘယ်တုန်းကမှ မစွက်ဖက်ခဲ့ဘူးလို့ ပြောပါတယ်။

မီဒီယာသတင်းတွေက မှားယွင်းကြောင်း ချေပဖို့တောင် မတန်ဘူးလို့လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်းက မြို့တော် ပေကျင်းက သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

9 mins Ago
Up