close

အမတ်ဟောင်း

close

September 18, 2021

ရေးမြို့ အမတ်ဟောင်း ဦးမျိုးဝင်းအိမ် ရှာဖွေခံရ

မွန်ပြည်နယ် ရေးမြို့က NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမျိုးဝင်း နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စက်တင်ဘာ ၁၈ ရက် မနက်က ဝင်ရောက်ရှာဖွေခဲ့တယ်လို့  ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို ဝင်ရောက်ရှာဖွေခဲ့ပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပါဝင်ပတ်သက်သူတွေကို လိုက်လံဖမ်းဆီးချိန် ကတည်းက  ဦးမျိုးဝင်းဟာ နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်နေတာလို့ ဒေသခံတွေက ပြော ပါတယ်။

ဒေသခံ  Facebook အကောင့်ပိုင်ရှင် (စတီဗင်အုပ်ကြီး) ဆိုသူအား Mytel tower တိုင်ရှိ cabinet ပုံးကို ကူးယူတင်ပြခဲ့လို့ဆိုပြီး ဖမ်းဆီးလိုက်တယ်လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကနေ ဒီနေ့အထိ မတရားဖမ်းဆီး ထားခံရတဲ့သူတွေမှာ ၃၀ ဦးကျော်ခန့်ရှိပြီး ဒီနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရသူတွေမှာလည်း ရာနဲ့ ချီ ရှိတယ်လို့ ဆိုပါတယ်။

2 mins Ago
Up