၂၀၂၁ ခုနှစ် Miss Grand International အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ အလှမယ် အမရာရွှန်းလဲ့က ဝင်ရောက်ယှဉ်ပြိုင်နေပြီး Best in Swimsuit အလှမယ် ၁၀ ဦးထဲမှာ ပါဝင်နေပါတယ်။
ရေကူးဝတ်စုံနဲ့ အလှတရားတွေ ဖော်ကျူးပြသရတဲ့ ဒီအဆင့်မှာတော့ အလှမယ် အမရာ ရွှန်းလဲ့နဲ့အတူ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဂွါတီမာလာ၊ ဖိလစ်ပိုင်၊ ဘိုလီးဗီး ယား၊ ပါရာဂွေး၊ မက္ကဆီကိုနဲ့ နီဂရာဂွါးအလှမယ်တွေ ပါဝင်နေတာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ကိုတော့ လာမယ့် ဒီဇင်ဘာ ၄ ရက်နေ့မှာ ကျင်းပသွားဖို့ ကြေ ညာထားခဲ့ကာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် Miss Grand International ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အနေနဲ့ အလှမယ် ဟန်လေးက ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ် ပါတယ်။
Miss Grand International အလှမယ်ပြိုင်ပွဲကိုတော့ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး တခြားကမ္ဘာ့နိုင်ငံတွေက အလှမယ်တွေလည်း ဝင်ရောက်ယှဉ် ပြိုင်နေကြတာ ဖြစ်ပါတယ်။
အရင်က ပြိုင်ပွဲတွေမှာတော့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ် ထားထက်ထက်၊ အမ်ဂျာဆိုင်း၊ စံထိပ်ထားလင်း၊ နန္ဒာလွင်၊ အေးချမ်းမိုး၊ ဆုမြတ်ဖူး၊ မွှေးသက်တို့က ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် Miss Grand International အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အလှမယ် အမရာရွှန်းလဲ့ဟာ နိုဝင်ဘာ ၁၄ ရက်က ထိုင်းနိုင်ငံကို ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို လာမယ့် ဒီဇင်ဘာ ၄ ရက်နေ့မှာ ကျင်းပသွားဖို့ ကြေညာထားခဲ့ကာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် Miss Grand International ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အနေနဲ့ အလှမယ် ဟန်လေးက ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
Miss Grand International အလှမယ်ပြိုင်ပွဲကိုတော့ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး တခြားကမ္ဘာ့နိုင်ငံတွေက အလှမယ်တွေလည်း ဝင်ရောက်ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။
အရင်က ပြိုင်ပွဲတွေမှာတော့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ် ထားထက်ထက်၊ အေးချမ်းမိုး၊ ဆုမြတ်ဖူး၊ မွှေးသက်တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။