close

အမိန့်ပေး

close

July 17, 2021

ဟေတီသမ္မတကိုလုပ်ကြံရန် တရားရေးအရာရှိဟောင်းက အမိန့်ပေးခဲ့ဖွယ်ရှိ

ဟေတီသမ္မတ ဂျိုဗစ်နယ်လ်မိုအိဇ် လုပ်ကြံခံရမှုမှာ တရားရေး၀န်ကြီးဌာနမှ အရာရှိဟောင်း ဂျိုးဇက်ဖလစ်ဇ်ဘာဒီရိုက အမိန့်ပေးခဲ့တာ ဖြစ်နိုင်တယ်လို့ ကိုလံဘီယာရဲချုပ်က ဇူလိုင် ၁၆ ရက် က လူသတ်မှုနဲ့ပတ်သက်ပြီး ကြိုတင်စုံစမ်းစစ်ဆေးချက်တွေအရ ပြောကြားသွားပါတယ်။

ဇူလိုင် ၇ ရက်က ပို့တ်အောပရင့်စ်မြို့အထက်မှာရှိတဲ့ တောင်ကုန်းတွေပေါ်က သမ္မတ အိမ်တော်မှာ တိုက်ခိုက်ရေးရိုင်ဖယ်တွေနဲ့ ဟေတီသမ္မတ သတ်ဖြတ်ခံရမှုမှာ အင်တာပိုလ်နဲ့အတူ ဟေတီနဲ့ ကိုလံဘီယာအာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ဘာဒီရိုက တိုက်ခိုက်မှုမတိုင်မီ သုံးရက်အလိုမှာ အမိန့်ပေးခဲ့တယ်ဆိုတာ ဖော်ထုတ်သိရှိရတယ်လို့ ကိုလံဘီယာရဲချုပ် ဗိုလ်မှူးကြီး ဂျော်ဂျီဗားဂတ်စ်က သတင်းဌာနတွေကို စကားပြောဆိုထားချက် ပေးပို့ခဲ့ပါတယ်။ 

ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ဘာဒီရိုရဲ့မှတ်ချက်ရရှိဖို့ ချက်ချင်းမဖြစ်နိုင်သေးဘဲ သူ့ကို ဘယ်မှာထားရှိတယ်ဆိုတာလည်း မသိရပါဘူး။ 

ဗာဂတ်စ်ရဲ့ အဆိုအရ အထွေထွေထောက်လှမ်းရေးဌာနနဲ့အတူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာနမှာ လုပ်ကိုင်ခဲ့တဲ့ဘာဒီရိုဟာ လုံခြုံရေးတာဝန်ထမ်းဆောင်ဖို့ အစပိုင်းက ဆက်သွယ်ခဲ့တဲ့ ကိုလံဘီယာစစ်သားဟောင်း ဒူဘာနေးကာပါဒေါ်နဲ့ ဂါမန်ရီဗီရာတို့ကို သမ္မတ မိုအိဇ် ကိုသတ်ဖို့ အမိန့်ပေးခဲ့တာကို စုံစမ်းဖော်ထုတ် တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီအချက်အလက်တွေ  ဘယ်ကရတယ်ဆိုတဲ့ အသေးစိတ် အထောက်အထားတွေကိုတော့ မပြခဲ့ပါဘူး။ 

သမ္မတ မိုအိဇ်အသတ်ခံရအပြီးမှာ လုပ်ကြံသူ ကာပါဒေါ်အသတ်ခံရပြီး ရီဗီရာကို ဟေတီရဲတွေ ဖမ်းမိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဟေတီအာဏာပိုင်တွေဟာ ဖလော်ရီဒါအခြေစိုက် ဆရာဝန်လို့ အသိများတဲ့ အသက် ၆၃ နှစ်အရွယ်  ခရစ္စတီရန်အီမန်နူရယ်ဆာနွန် ကိုလည်း ဒီလူသတ်မှု နောက်ကွယ်က ကြိုးကိုင်သူလို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။ 

ဟေတီနန်းတော်လုံခြုံရေးအကြီးအကဲ Dimitri Herard ဒီမီထရီဟာရက်ဒ်ကို ဖမ်းဆီးထားချိန်မှာပဲ ဟေတီအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်လီနွန်ချားလ်က ဟေတီအထက်လွှတ်တော်အမတ်ဟောင်း ဂျွန်ဂျိုးဇက် ကိုလည်း ဒီလုပ်ကြံမှုရဲ့ အဓိကပုဂ္ဂိုလ် ဖြစ်တယ်လို့ ဖော်ထုတ်လိုက်ပြီးနောက်မှာ သူ့ကိုရဲတွေက လိုက်ရှာနေပါတယ်။ 

ကိုလံဘီယာဟာ ဖမ်းဆီးထိန်းသိမ်းခံ ကိုလံဘီယာနိုင်ငံသားတွေနဲ့ တွေ့ဆုံဖို့၊ သူတို့ရဲ့အခွင့်အရေးကို လေးစားပေးထားဖို့နဲ့ သေဆုံးသွားတဲ့ ကိုလံဘီယာနိုင်ငံသားတွေရဲ့ အလောင်းတွေကို နေရပ်ပြန်လည်ယူဆောင်ဖို့တွေကို  ကာရစ်ဘီယံကျွန်းနိုင်ငံ ဟေတီရဲ့ အတည်ပြုချက်ကိုရရှိပြီးတာနဲ့ သံတမန်ရေးဆိုင်ရာ ကောင်စစ်ဝန်အဖွဲ့တဖွဲ့ ဟေတီကို စေလွှတ်သွားမှာဖြစ်တယ်လို့ ကိုလံဘီယာနိုင်ငံရဲ့ ဒုသမ္မတလည်းဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး မာတာလူစီရာရာမီရာဇ်က သောကြာနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

၀န်ကြီးဌာနဟာ သေဆုံးသူတွေ၊ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုတွေနဲ့ နေ့စဉ်အဆက်အသွယ်ရှိတယ်လို့လည်း ပြောပါတယ်။ 

ဒီလုပ်ကြံမှုအစီအစဉ်ကို ကိုလံဘီယာ စစ်သားဟောင်း အနည်းငယ်လာက်ကသာ သိရှိထားတယ်လို့ ကိုလံဘီယာအစိုးရက အခိုင်အမာပြောကြားထားပေမဲ့ တာဝန်ရှိတဲ့ သက်ဆိုင်သူတွေကတော့ တန်ရာတန်ကြေး ပြန်ပေးရမှာပဲလို့လည်း ထပ်လောင်းပြောကြား ပါတယ်။ 

ဒီအတောအတွင်းမှာပဲ လုပ်ကြံခံသမ္မတရဲ့ ဈာပနကို ဇူလိုင် ၂၃ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး သမ္မတကတော် မာတီနိ မိုအိဇ်လည်း တက်ရောက်လိမ့်မယ်လို့ ဟေတီအာဏာပိုင်တွေက ကြေညာထားပါတယ်။ 

2 mins Ago

June 21, 2020

စစ်ရေးအသင့်ပြင်ရန် စစ်တပ်ကို အီဂျစ်သမ္မတ အမိန့်ပေး

နိုင်ငံတွင်းဖြစ်စေ၊ နိုင်ငံပြင်ပဖြစ်စေ စစ်ဆင်ရေးဆင်နွှဲဖို့ အီဂျစ်သမ္မတ အဘ်ဒယ်ဖာတာ အယ်လ်စီစီက စစ်တပ်ကို အသင့်ပြင်ထားဖို့ ဇွန် ၂၀ ရက်က အမိန့်ပေးလိုက်ပါတယ်။ ဒေသတွင်းပြိုင်ဘက် တူရကီက အိမ်နီးချင်း လစ်ဗျားကို စွက်ဖက်မှုအတွက် အခြေအနေ တင်းမာနေချိန်မှာ ခုလို အမိန့်ပေးလိုက်တာပါ။ လစ်ဗျားအရှေ့ပိုင်းမှာ အခြေစိုက်တဲ့ ဗိုလ်ချုပ်ကြီး ခါလီဖာဟဲ့ဖ်တာကို သစ္စာခံတဲ့ LNA စစ်တပ်နဲ့ ရင်ဆိုင်နေတဲ့ လက်ရှိ ရှေ့တန်းစည်းကနေ လစ်ဗျားရဲ့ နိုင်ငံတကာ အသိအမှတ်ပြုအစိုးရ GNA ကို သစ္စာခံတဲ့စစ်တပ်က မကျော်ဖို့ကိုလည်း သူက သတိပေးပါတယ်။ GNAနဲ့ LNA အစိုးရ ၂ ခု၊ စစ်တပ် ၂ ခု ရှိနေတဲ့ လစ်ဗျားမှာ ၁၄ လကြာ တိုက်ပွဲအတွင်း LNA ကို သစ္စာခံတဲ့တပ်ကို ရုရှား၊ အာရပ်စော်ဘွားများပြည်ထောင်စု UAE နဲ့ အီဂျစ်တို့က ကျောထောက်နောက်ခံပေးထားပါတယ်။ သမ္မတ စီစီဟာ ဇွန် ၂၀ ရက်နေ့က လစ်ဗျားနဲ့ နယ်စပ်နားက လေတပ်အခြေစိုက်စခန်းကို သွားရောက် လည်ပတ်ပြီး တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေ ပျံတက်တာနဲ့ ရာချီတဲ့ တင့်ကားတွေ သံချပ်ကာကားတွေကိုလည်း ကြည့်ရှုစစ်ဆေးပြီး အခုလို ပြောခဲ့တာပါ။ “အီဂျစ်ဟာ လစ်ဗျားမှာ ဝင်မစွက်ဖက်ချင်ဘူး။ နိုင်ငံရေးအရ အဖြေရှာဖို့ပဲ လိုလားတယ်။ ဒါပေမဲ့ အခြေအနေက အခု မတူတော့ဘူး။” လစ်ဗျားက GNA အစိုးရကို သစ္စာခံတဲ့ လက်နက်ကိုင်အုပ်စုတချို့အတွက် သုံးတဲ့ အသုံးအနှုန်းအနေနဲ့ အကြမ်းဖက် ပြည်သူ့စစ်တွေကိုတိုက်ဖို့ အီဂျစ်ဟာ တိုင်းရင်းသားလူမျိုးစုတွေကို လက်နက်တွေနဲ့ သင်တန်းတွေ ပံ့ပိုးပေးနိုင်တယ်လို့လည်း သမ္မတစီစီက ပြောခဲ့ပါတယ်။ လစ်ဗျားမှာ အပစ်အခတ်ရပ်စဲဖို့ အီဂျစ်က ဒီလအစောပိုင်းမှာ ဆော်သြခဲ့ပါတယ်၊ လစ်ဗျားအတွက် ရွေးကောက်ခံ ဦးဆောင်ရေးကောင်စီ တရပ်ထားဖို့ အဆိုပြုထားတဲ့ စဦး ဆောင်ရွက်ချက် အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ အမေရိကန်၊ ရုရှားနဲ့ UAE တို့က ဒီစီမံကိန်းကို ကြိုဆိုပေမယ့် တူရကီကတော့ စစ်မြေပြင်တွေမှာ ရှုံးခဲ့တဲ့ ဟဲ့ဖ်တာကို ကယ်ဖို့ ကြိုးစားတဲ့အနေနဲ့ ဒီစီမံကိန်းကို ပယ်ချခဲ့ပါတယ်။
1 year Ago
Up