close

အမိုးလန်

close

May 23, 2021

လေပြင်းတိုက်ခတ်သဖြင့် မန်ဒေါင်အလကကျောင်း အမိုးလန်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ မေ ၂၂ ရက်ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် မန်ဒေါင်ကျေးရွာက အခြေခံပညာ အလကကျောင်းတစ်ခု အမိုးများလန်ကာ ပျက်စီးသွားတယ်လို့ သိရပါတယ်။

“လေဟာပြင်လိုဖြစ်နေတော့ ပိုးဆိုးသွားတယ်။ ကျောင်းဆောင်နဲ့ခြံ၀င်းကြီးပဲ ကွက်ပြီး အမိုး လန်ကုန်တာ၊ ရွာမှာ တခြားပျက်စီးတာ သိပ်မရှိဘူး” လို့ မန်‌ဒေါင်ဒေသခံတစ်ဦးက ပြောပါတယ်။

မကြာမီ ကျောင်းဖွင့်ဖို့ စီစဉ်နေတဲ့ မန်ဒေါင် အလကကျောင်းဟာ မြစ်ကြီးနား-ချီဖွေသွား လမ်းမပေါ်မှာရှိပြီး လက်ရှိဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စည်ပင်၀န်ကြီး ဦးနော်လီရဲ့ဇာတိရွာလည်း ဖြစ်တယ်လို့သိရပါတယ်။

12 hours Ago

May 7, 2020

ကသာခရိုင်တွင် မိုးသက်လေပြင်းကြောင့် နေအိမ် ၃၀၀ ကျော် အမိုးလန်ပျက်စီး

စစ်ကိုင်းတိုင်း၊ ကသာခရိုင်မှာ မေ ၇ ရက်နေ့က မိုးသက်လေပြင်းကျရောက်တာကြောင့် လူန်အိမ်အလုံး ၃၀၀ အမိုးလန် ပျက်စီးခဲ့တယ်လို့ ကသာခရိုင်အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။ မိုးသက်လေပြင်းကြောင့် ကသာမြို့မှာ လူနေအိမ် ၁၉၈ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ သာသနိကအဆောက်အဦ ၁ လုံး၊ ထီးချိုင့်မြို့နယ်မှာ လူနေအိမ် ၂၇ လုံး အခြား အဆောက်အဦ ၃ လုံး၊ အင်းတော်မြို့နယ်မှာ လူနေအိမ် ၅၁ လုံး၊ စာသင်ကျောင်း ၄ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဌာနဆိုင်ရာရုံး ၁ လုံး၊ ဗန်းမောက်မြို့နယ်မှာ လူနေအိမ် ၉ လုံး၊ ဌာနဆိုင်ရာရုံး ၁ လုံး၊ ကောလင်းမြို့နယ်မှာ လူနေအိမ်အလုံး ၂၀ ၊ ဝန်းသိုမြို့နယ်မှာ လူနေအိမ် ၁၁ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ပင်လည်ဘူးမြို့နယ်မှာ လူနေအိမ် ၈ လုံး အမိုးလန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ကသာခရိုင်ခရိုင်အတွင်း မေလ ၆ ရက်နေ့ကလည်း လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၃၂၄ လုံး၊ စာသင်ကျောင်း ၄ ကျောင်း၊ ဘုန်းကြီးကျောင်း ၆ ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အဦ ၅ လုံး၊ အခြားအဆောက်အဦ ၃ လုံး အမိုးလန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ကိုကိုလင်း (အင်းတော်)
1 year Ago
Up