close

အမေရိကန်စစ်ဉီးစီးချုပ်

close

June 8, 2022

ထိုင်းစစ်တပ်ခေတ်မီရေး ပံ့ပိုးရန် အမေရိကန်စစ်ဦးစီးချုပ် ထိုင်းနိုင်ငံသွားမည်

အမေရိကန်စစ်တပ် အင်ဒို-ပစိဖိတ်စစ်တိုင်းရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂျွန်အကွေလီနိုဟာ ထိုင်းနိုင်ငံကို ဇွန် ၇ ရက်မှ ၉ ရက်အတွင်း သွားရောက်လည်ပတ်မယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကြေညာ ပါတယ်။

ဗိုလ်ချုပ် အကွေလီနိုဟာ ထိုင်းကာကွယ်ရေးဦးစီးချုပ်နဲ့ရော ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရနဲ့ပါ တွေ့ဆုံမှာပါ။ ဒါဟာ သူ့အတွက် အာရှ-ပစိဖိတ်စစ်တိုင်း စစ်ဦးစီးချုပ်ဖြစ်ပြီးမှ ထိုင်းနိုင်ငံကို ဒုတိယအကြိမ် ခရီးစဉ်လည်း ဖြစ်ပါတယ်။

ထိုင်းစစ်တပ်ခေတ်မီရေး ပံ့ပိုးဖို့၊ အမေရိကန်နဲ့ ထိုင်း မဟာမိတ်ဖြစ်တည်မှု နက်ရှိုင်းစေဖို့နဲ့ လွတ်လပ်ပွင့်လင်းတဲ့ အာရှ-ပစိဖိတ်ဒေသ အဆင့်မြှင့်ဖို့ ရည်ရွယ်ထားတဲ့ ခရီးစဉ်လို့လည်း ကြေညာချက်က ဆိုထားပါတယ်။

သူဟာ အမေရိကန်ရဲ့ ဝါအရင့်ဆုံးနဲ့ အကြီးဆုံး တိုက်ခိုက်ရေးစစ်တိုင်းအတွက် ၂၆ ယောက်မြောက် စစ်ဦးစီးချုပ်ပါ။

အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်စစ်တိုင်းမှာ စစ်သည်တွေ၊ သင်္ဘောသားတွေ၊ ကမ်းတက်စစ်သည်တွေ၊ လေတပ်သားတွေနဲ့ ကမ်းခြေစောင့်တပ်တွေ အပါအဝင် စစ်သည်အင်အား ၃၈၀,၀၀၀  ရှိပါတယ်။

အမေရိကန်စစ်တပ် အာရှ-ပစိဖိတ် စစ်တိုင်းအောက်မှာ ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော်ရှိတဲ့ နိုင်ငံပေါင်း ၃၆ နိုင်ငံ ရှိနေပါတယ်။

56 seconds Ago
Up