close

အမေရိကန်တက္ကသိုလ်

close

November 8, 2021

အမေရိကန်တက္ကသိုလ် ၂ ခုတွင် ဗုံးလန့်မှုဖြစ်ပွား

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်ရှိ တက္ကသိုလ် ၂ ခုက အဆောက်အအုံအတော်များများမှာ ဗုံးတွေ ချထားတယ်ဆိုတဲ့ ခြိမ်းခြောက်စာတွေရအပြီး နိုဝင်ဘာ ၇ ရက်က တက္ကသိုလ်ပရဝုဏ် အစိတ်အပိုင်းတွေက လူတွေ ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ ရပါတယ်။

နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ်မှာ ကျောင်းသားအယောက် ၃၁၀၀၀ ရှိပြီး ဗုံးခြိမ်းခြောက်မှုကြောင့် အဆောက်အအုံ ၃ ခုကနေ လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ ကိုလံဘီယာ စပက်တေတာ ကျောင်းသား သတင်းစာက ဖော်ပြပါတယ်။

နယူးယောက်ရဲဌာနက စုံစမ်းစစ်ဆေးဖို့ တက္ကသိုလ်က တွစ်တာလူမှုကွန်ရက်ပေါ်မှာ အကြံပြုစာ တွေ ဆက်တိုက် ထုတ်ပြန်ခဲ့ပါတယ်။

ခြိမ်းခြောက်မှုကို ရဲတွေက ယုံနိုင်စရာ မရှိဘူးလို့ ယူဆခဲ့သလို စစ်ဆေးအပြီးမှာ အဆောက်အအုံ တွေကို ရှင်းလင်းခဲ့ပြီး ပြန်သုံးဖို့ ခွင့်ပြုပေးခဲ့ပါတယ်။

ကောနဲလ်တက္ကသိုလ်ထဲက အဆောက်အအုံတွေထဲမှာ ဗုံးထောင်ထားတယ်ဆိုတဲ့ သတိပေးချက်ကို ဒေသခံ ရဲတွေက လက်ခံ ရရှိခဲ့အပြီး ကျောင်းသားတွေ ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေ ဥပဒေဌာန  ဂေါ့ဒ်ဝင်း စမစ်၊ အပ်ဆွန် ခန်းမနဲ့ ကနေဒီခန်းမတွေအပြင် ဗဟို ပရဝုဏ်ကိုပါ ချက်ချင်းရှောင်ကြဖို့ တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပြောခဲ့ပါတယ်။

နိုဝင်ဘာ ၅ ရက်ကလည်း ယေးလ်တက္ကသိုလ်ဟာလည်း ဗုံးခြိမ်းခြောက်မှု လက်ခံရရှိခဲ့ပြီး နောက်ပိုင်းမှာ တော့ မယုံရကြောင်း တွေ့ခဲ့ကြပါတယ်။ 

1 min Ago
Up