close

အမေရိကန်တပ်

close

March 7, 2023

အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျော်ဒန်နိုင်ငံ ရောက်ရှိ

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်ဟာ မတ် ၆ ရက်က သူ့ရဲ့ အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း ဂျော်ဒန်နိုင်ငံ အမ်မမ်မြို့ကို ရောက်လာပါတယ်။

ဂျော်ဒန် လက်နက်ကိုင်တပ်များ ပူးတွဲသင်တန်းဌာနရှိ အမေရိကန်တပ်တွေဆီ သွားရောက်လည်ပတ်ခဲ့ပါတယ်။

လေ့ကျင့်ရေးစင်တာကို ၂၀၀၃ ခုနှစ်မှာ ဆောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ တိုးချဲ့တပ်ဆင်ပြီး စခန်းကို အဆင့်မြှင့်တင်ခဲ့ပါတယ်။

အော်စတင်ဟာ ဂျော်ဒန်၊ အစ္စရေးနဲ့ အီဂျစ်တို့ အပါအဝင် အရှေ့အလယ်ပိုင်း သုံးနိုင်ငံ အလည်အပတ်ခရီးစဉ်နဲ့ ဂျော်ဒန်ကို မတ် ၅ ရက်နေ့က ရောက်နေတာပါ။

အမေရိကန်အစိုးရက ရုရှားနဲ့ တရုတ်နိုင်ငံတို့ကို အာရုံစိုက်နေပေမဲ့ ဒေသတွင်း အမေရိကန်ရဲ့ ကတိကဝတ်တွေကို အဓိက မဟာမိတ်တွေဆီ အာမခံချက်ပေးဖို့ ရည်ရွယ်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အော်စတင်ဟာ စက်ရုံကို လည်ပတ်အပြီး ဂျော်ဒန်တပ်ဖွဲ့ဝင်တေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အော်စတင်ဟာ အနောက်ဘက်ကမ်းမှာ တင်းမာမှုတွေ လျှော့ချဖို့ အစ္စရေးခေါင်းဆောင်တွေကို ဖိအားပေးဖို့နဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုတွေကို ကိုင်တွယ်ချိန် အီဂျစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုအတွင်း ဆက်ဆံရေးခိုင်မာစေရေး လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

အရှေ့အလယ်ပိုင်းဒေသတွင်းမှာ အမေရိကန်တပ်ဖွဲ့ဝင် ၃၀,၀၀၀ လောက်ရှိပြီး အီရန်ရဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်ကူညီရာမှာ အဓိကကျတယ်လို့ ရှုမြင်ထားပါတယ်။

32 seconds Ago

February 7, 2022

အမေရိကန်တပ်များ ပိုလန်သို့ ရောက်ရှိ

ရုရှားတပ်တွေ ယူကရိန်းနယ်စပ်တလျှောက် ပိုမိုချထားနေချိန်မှာ အမေရိကန်တပ်တွေက  အရှေ့ဥရောပရှိ နေတိုးတပ်တွေကို ပိုမိုအားဖြည့်ပေးဖို့  ဖေဖော်ဝါရီ ၆ ရက်က ပိုလန်ကို ရောက်ရှိ လာပါတယ်။

အမေရိကန်တပ်တွေကို ယူကရိန်းချထားတဲ့အပြင် မဟာမိတ်နေတိုးတပ်ဖွဲ့တွေရှိတဲ့ အရှေ့ဥရောပနိုင်ငံတွေမှာ အခုရက်ပိုင်း ပိုမိုအားဖြည့်တင်းထားတာပါ။ 

ပိုလန်ကို ရောက်ရှိလာတဲ့ အမေရိကန်တပ်အင်အားထဲမှာ လေထီးတပ်သား ၁၀၂ ဦးနဲ့ စစ်လက်နက်ပစ္စည်းတွေ ချနိုင်တဲ့ C17 တိုက်လေယာဉ်တစ်စင်းလည်း ပါပါတယ်။

သမ္မတဂျိုးဘိုင်ဒင်က ပိုလန်နဲ့ ရိုမေးနီးယားကို တပ်အင်အား ၃၀၀၀ စေလွှတ်ဖို့ အမိန့်ပေးထားတာပါ။ 

စနေနေ့က အမေရိကန် အမှတ် (၈၂) လေတပ် တိုက်လေယာဉ်အုပ်စု ရောက်ရှိလာပြီး ဗိုလ်ချုပ်ကြီး ခရစ္စတိုဖာ ဒါနာရှု  ကိုယ်တိုင် ကြီးကြပ်နေပါတယ်။

1 year Ago
Up