အမေရိကန်ထောက်လှမ်းရေး CIA အကြီးအကဲတစ်ဦးဖြစ်တဲ့ ဒေးဗစ်ကိုဟန်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။
အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) လက်ထောက်ညွှန်ကြားရေးမှူး ဒေးဗစ်ကိုဟန်ဟာဟာ ကြိုတင်ကြေညာထားခြင်းမရှိပဲ ထိုင်းဝန်ကြီးချုပ် ပရာယွက်နဲ့ ဘန်ကောက်မြို့ အစိုးရအိမ်တော်မှာ နိုဝင်ဘာ ၁၉ ရက်က ၄၅ မိနစ်ကြာလောက် တခါးပိတ် တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
ဒီတွေ့ဆုံမှုမှာတော့ မြန်မာနိုင်ငံရဲ့ လုံခြုံရေး အခြေအနေ၊ ဒေသတွင်း တည်ငြိမ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေးတွေကို အဓိကထား ဆွေးနွေးခဲ့ကြောင်း အစိုးရ အိမ်တော် သတင်းရင်းမြစ်ကိုကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။
Photo Credit- (Wassana Nanuam)-Bangkok Post