close

အမေရိကန်ဒေသ

close

May 17, 2022

လကြတ်မှုဖြစ်စဉ်အတွင်း လိမ္မော်နီရောင်လပြည့်ကို အမေရိကန်ဒေသအချို့မှ မြင်တွေ့ရ

အမေရိကန်ပြည်ထောင်စုရဲ့ အစိတ်အပိုင်းတွေမှာ မေလ ၁၅ ရက်က လကြတ်နေစဉ်အတွင်း စူပါသွေးလလို့ နာမည်ပေးထားတဲ့အတိုင်း လဟာ လိမ္မော်နီရောင် အသွင်ပြောင်းခဲ့ပါတယ်။

လုံးဝ လကြတ်မှုဖြစ်စဉ်အတွင်း လတခုလုံးက နေနဲ့ ကမ္ဘာကြားကျရောက်ခဲ့လို့ အမေရိကန် အနောက်အလယ်ပိုင်းနဲ့ အနောက်ပိုင်းက လကြည့်သူတွေဟာ လိမ္မော်နီရောင် လပြည့်ကို ၁၄ မိနစ်ကြာအောင် ကြည့်နိုင်ခဲ့ကြပါတယ်။

အဲဒီနောက် လဟာ ကမ္ဘာ့အရိပ်ထဲကနေ ပြန်ထွက်သွားအပြီး မထင်ရှားတဲ့အဆင့်ကို ပြန်ရောက်သွားခဲ့ပါတယ်။

စုစုပေါင်းအနေနဲ့ လကြတ်မှုဖြစ်စဉ် တရပ်လုံးကတော့ နာရီအတော်များများ ကြာခဲ့ပါတယ်။

3 mins Ago
Up