အမေရိကန်အစိုးရဟာ သူ့နိုင်ငံသားတွေအတွက် ကျား၊ မ ဖြစ်တည်မှုဆိုင်ရာ ဘက်မလိုက်တဲ့ နိုင်ငံကူးလက်မှတ်တွေကို ထုတ်ပေးတော့မယ်လို့ မတ် ၃၁ ရက်မှာ ပြောပါတယ်။
နိုင်ငံသားတွေဟာ နိုင်ငံကူးလက်မှတ် လျှောက်လွှာမှာ ကျား၊ မ နေရာအတွက် X ကို ရွေးနိုင်ပြီး လူမှုဖူလုံရေးကတ်မှာတော့ သူတို့ရဲ့လိင်ကို ရွေးချယ်ခွင့်ရမယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။ ဒါဟာ ပြည်နယ်ဥပဒေတွေကို ဆန့်ကျင်ပြီး လိင်ပြောင်းအမေရိကန်တွေကို ပံ့ပိုးကူညီမယ့် အစီအမံတွေကို ကြေညာလိုက်တာပါ။
လာမယ့် ဆောင်းဦးရာသီကစပြီး အမေရိကန် နိုင်ငံသားတွေဟာ အမေရိကန် လူမှုဖူလုံရေးကတ်တွေမှာ ဆေးဘက်စာရွက်စာတမ်းတွေ မလိုဘဲ သူတို့ရဲ့လိင်ကို ရွေးချယ် ထည့်သွင်းခွင့်ရမယ်လို့ လူမှုဖူလုံရေး ဦးစီးဌာနက ပြောပါတယ်။
လက်ရှိကိုင်ဆောင်ထားတဲ့ ကတ်တွေမှာ ကိုင်ဆောင်သူရဲ့ ကျား မ ဆိုင်ရာ လိင်ညွှန်ပြချက် မပါပါဘူး။