close

အမေရိကန်နှင့်ဂျပန်

close

January 7, 2022

ကာကွယ်ရေးခြိမ်းခြောက်မှုများကို ပူးပေါင်းတုံ့ပြန်ရန် အမေရိကန်နှင့်ဂျပန် သဘောတူ

အမေရိကန်နဲ့ဂျပန်အစိုးရတို့ဟာ အသံထက်မြန်တဲ့ လက်နက်တွေ၊ အာကာသ အခြေပြု စွမ်းဆောင်ရည်တွေအပါအဝင် ကာကွယ်ရေးခြိမ်းခြောက်မှုအသစ်တွေကို တုံ့ပြန်ရာမှာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ဖို့ ပိုလွယ်ကူစေရေး သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး သဘောတူညီချက် အသစ်တရပ်ကို လက်မှတ်ထိုးတော့မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က ဇန်နဝါရီ ၆ ရက်မှာ ပြောပါတယ်။

အမေရိကန်နဲ့ဂျပန်ကြား နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအဖွင့်မှာ ဘလင်ကန်က ခုလို ပြောလိုက်တာပါ။

စစ်ရေးအသင့်ဖြစ်မှုနဲ့ အပြန်အလှန် ဆောင်ရွက်နိုင်စွမ်း ပိုနက်ရှိုင်းစေဖို့ ပိုများတဲ့ အရင်းအမြစ်တွေ ကို ရင်းနှီးမြှုပ်နှံရေး ဂျပန်မှာ အမေရိကန် စစ်တပ်ဆက်ပြီး အခြေစိုက်ဖို့ အပါအဝင် ငါးနှစ်ကြာ သဘောတူညီချက်အသစ်ကို လက်မှတ်ထိုးမယ်လို့လည်း ဘလင်ကန်က ပြောပါတယ်။

လောလောဆယ် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံထားရတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်ကတော့ ကာကွယ်ဆေးရော ဆေးအာနိသင်ထိန်း ထိုးဆေးကိုပါ အပြည့်အဝ ထိုးနှံထားလို့ သူ့ရဲ့ ဝေဒနာဟာ ပိုသက်သာလာနေပြီလို့ ဆရာဝန်ပြောကြောင်း ဝန်ကြီးလေးပါး အစည်းအဝေးအတွင်း ပြောခဲ့ပါတယ်။

1 min Ago
Up