အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီဘလင်ကင်နဲ့ တရုတ်ကွန်မြူနစ်ပါတီ ပေါလစ်ဗြူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးရာကော်မရှင်ရုံးရဲ့ ညွှန်ကြားရေးမှူး ယန်ကျီးချီတို့ ဇွန် ၁၁ ရက် ကတယ်လီဖုန်းနဲ့ဆက်သွယ်ပြီး မြန်မာ့အရေးဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အီရန်၊ မြန်မာနဲ့ ရာသီဥတု အကျပ်အတည်းအပါအ၀င် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဌာနထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး မြန်မာနဲ့ပတ်သက်တဲ့ ဆွေးနွေးချက် အသေးစိတ်ကိုတော့ မဖော်ပြထားပါဘူး။
ဒါ့အပြင် မြောက်ကိုရီယား မူဝါဒသုံးသပ်ချက်နဲ့ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီယား ဖျက်သိမ်းရေး၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကိုင်တွယ်ဖြေရှင်းရာမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပွင့်လင်းမြင်သာမှုရဲ့ အရေးကြီးပုံတွေကို ဆွေးနွေးပါတယ်။
ဒါ့အပြင် ဟောင်ကောင်၊ ရှင်းကျန်း၊ ထိုင်ဝမ်နဲ့ ရေလက်ကြား ပြဿနာတွေကိုလည်း အလေးထား ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။