close

အမေရိကန်နှင့်အစ္စရေး

close

December 10, 2021

အီရန်နျူကလီးယားအရေး အမေရိကန်နှင့်အစ္စရေး စိုးရိမ်

အီရန်ရဲ့ နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်း ဒီဇင်ဘာ ၉ ရက်နေ့ ပင်တဂွန် အစည်းအဝေးအတွင်း အမေရိကန်နဲ့ အစ္စရေး စစ်ဘက်ခေါင်းဆောင်တွေက ပြောလိုက်ကြပါတယ်။

အီရန်ရဲ့ ဒေသတွင်း ရန်လိုမှုတွေနဲ့ နျူကလီးယားဆန္ဒတွေကို ဟန့်တားနိုင်ဖို့ ပူးတွဲစစ်ရေး အဆင်သင့်ရှိရေးအတွက် ပိုနက်နက်ရှိုင်းရှိုင်း ဆွေးနွေးဖို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြော ပါတယ်။

အီရန်ရဲ့ အပြုသဘောဆောင်တဲ့ သံတမန်ရေးဆက်ဆံမှု ကင်းမဲ့နေတာကို နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပြီး တကယ်လို့ အီရန်အပေါ် အမေရိကန်ရဲ့ လက်ရှိ မူဝါဒက အလုပ်မဖြစ်ခဲ့ရင် တခြား ရွေးချယ်စရာတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြင်ဆင်နေတာကို သတိထားမိတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုဒ် အော်စတင်က အစ္စရေးကာကွယ်ရေးဝန်ကြီး ဘန်နီ ဂန့်ဇ်နဲ့ အစည်းအဝေးအတွင်း ပြောပါတယ်။

တကယ်လို့ သံတမန်ရေးနဲ့ ဆွေးနွေးလို့ မရဘဲ နိုင်ငံ့ခေါင်းဆောင်တွေက အဆိုပြုခဲ့ရင် အီရန်ရဲ့ နျူကလီးယားဆိုင်ရာ ပံ့ပိုးမှု အင်္ဂါရပ်တွေကို ဖျက်ဆီးဖို့ အဆိုးဆုံး ဖြစ်နိုင်ချေ အလားအလာ အတွက် စစ်ရေးပြင်ဆင်ဖို့ နှစ်နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြကြောင်း အမေရိကန် အကြီးတန်း အရာရှိတယောက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

2 mins Ago
Up