close

အမေရိကန်နှင့် ထိုင်ဝမ်

close

January 30, 2022

အမေရိကန်နှင့် ထိုင်ဝမ် တရားဝင်ဆက်ဆံရေးကို တရုတ်က အပြင်းအထန်ကန့်ကွက်

တရုတ်အစိုးရဟာ အမေရိကန်နဲ့ ထိုင်ဝမ်ကြားတရားဝင် ထိတွေ့ဆက်ဆံမှု ဘယ်လိုပုံစံကိုမဆို အစဉ်တစိုက် ဆန့်ကျင်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။

ဟွန်ဒူးရပ်စ်နိုင်ငံကို အလည်အပတ် ရောက်နေတဲ့ ထိုင်ဝမ် ဒုသမ္မတနဲ့ အမေရိကန်တို့ အကျဉ်းချုံး အစည်းအဝေး ကျင်းပအပြီး တရုတ်က ခုလို ပြောလိုက်တာပါ။

အမေရိကန် ဒုသမ္မတ ကာမာလာဟာရစ်နဲ့ ထိုင်ဝမ် ဒုသမ္မတ ဝီလျံလိုင်တို့ဟာ ဇန်နဝါရီ ၂၇ရက်က ဟွန်ဒူးရပ်စ် သမ္မတအသစ် ကျမ်းကျိန်ပွဲမှာ တွေ့ဆုံခဲ့ကြပါတယ်။

ဒီလို ရှားရှားပါးပါးတွေ့ဆုံမှုဟာ ထင်ရှားတဲ့ သင်္ကေတလည်း ဖြစ်ခဲ့လို့ အမေရိကန်နဲ့ နိုင်ငံရေးတင်းမာမှု ဆူပွက်နေတဲ့ တရုတ်အတွက် အလွန်အမင်းဒေါသထွက်စရာ ဖြစ်ခဲ့ပါတယ်။

အမေရိကန်ဟာ တရုတ်တနိုင်ငံတည်း မူဝါဒနဲ့ အမေရိကန် - တရုတ် ပူးတွဲကြေညာချက် သုံးရပ်ကို လိုက်နာသင့်ပြီး တရုတ်ရဲ့ ရပ်တည်ချက်နဲ့ စိုးရိမ်ချက်ကို အလေးအနက် ထားသင့်တယ်၊ ထိုင်ဝမ်နဲ့ ဘယ်လို တရားဝင် ထိတွေ့မှုကိုမဆို ရပ်သင့်တယ်၊ ထိုင်ဝမ်လွတ်လပ်ရေးတပ်တွေကို ဘယ်လို အချက်ပြမှု အမှားကိုမှမပေးဘဲ ရှောင်ကြဉ်သင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တရုတ်ပြည်မကြီးအစိုးရဟာ ထိုင်ဝမ်ကို သူ့ပိုင်နက်အဖြစ် သတ်မှတ်ထားပါတယ်။ 

11 mins Ago
Up