close

အမေရိကန်နှင့် ရုရှား

close

February 21, 2022

ယူကရိန်းအရေး ထိပ်သီးညီလာခံ၏ စည်းမျဉ်းများကို အမေရိကန်နှင့် ရုရှားသဘောတူ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်တို့ဟာ ယူကရိန်းအရေး ထိပ်သီးညီလာခံအတွင်း စည်းမျဉ်းတွေကို သဘောတူခဲ့ကြပြီးပြီလို့ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းက ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။

ဥရောပ လုံခြုံရေးနဲ့ ဗျူဟာမြောက် တည်ငြိမ်ရေးအတွက် ထိပ်သီးညီလာခံမှာ ပြင်သစ် သမ္မတက ခေါင်းဆောင် နှစ်ယောက်စလုံးနဲ့အတူ ဆွေးနွေးခဲ့တယ်လို့ ပြင်သစ်သမ္မတနန်းတော်က ဖေဖော်ဝါရီ ၂၁ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

ထိပ်သီးညီလာခံရဲ့ စည်းမျဉ်းတွေကို ဘိုင်ဒင်နဲ့ ပူတင် နှစ်ယောက်လုံးက လက်ခံခဲ့တယ်လို့ ကြေညာချက်က ပြောပါတယ်။

တကယ်လို့ အနောက်နိုင်ငံတွေက စိုးရိမ်နေတဲ့အတိုင်း ပူတင်က ယူကရိန်းကို ကျူးကျော်ခဲ့ရင် ဒီလို အစည်းအဝေးက မဖြစ်နိုင်တော့မယ့်အခြေအနေ ရောက်သွားမယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။

ဒီသတင်းအတွက် မှတ်ချက်ပေးဖို့ သတင်းစကားကို အမေရိကန် သမ္မတအိမ်ဖြူ​တော်က ချက်ချင်း အကြောင်းမပြန်သေးပါဘူး။

ပြင်သစ်သမ္မတနဲ့ အတ္တလန္တိတ်သမုဒ္ဒရာ တဖက်စီက ခေါင်းဆောင် နှစ်ယောက်ကြား အပြန်အလှန် လွန်းထိုး ဖုန်းပြောအပြီးမှာ ကြေညာချက် ထွက်လာခဲ့တာပါ။

ယူကရိန်းနယ်စပ်မှာ ရုရှားတပ်တွေ သိန်းချီ အင်အားချထားလို့ တင်းတာမှု မြင့်နေတာ သီတင်းပတ် တပတ် ရှိခဲ့ပါပြီ။

1 min Ago
Up