အမေရိကန်ပြည်ထောင်စုဗဟိုဘဏ်က အတိုးနှုန်းမြှင့်တင်လိုက်ကြောင်း ဆုံးဖြတ်ချက်ထွက်လာပြီးနောက် အာရှစတော့အိတ်ချိန်းတွေမှာ ရှယ်ယာဈေးဟာ ဇွန် ၁၆ ရက်မှာ ပြန်တက်လာခဲ့ပါတယ်။
ဂျပန်ရဲ့ နစ်ခေး ၂၂၅ ရှယ်ယာညွှန်းကိန်းဟာ ၁ ဒသမ ၄၈ ရာခိုင်နှုန်း ပြန်တက်လာခဲ့ပါတယ်။ ဩစတြေးလျရဲ့ ASX ညွှန်းကိန်းကတော့ ဇွန် ၁၆ ရက် မနက်ပိုင်းမှာ ၀ ဒသမ ၆၄ ရာခိုင်နှုန်း ပြန်တက်လာခဲ့ပြီး တောင်ကိုရီးယားရဲ့ KOSPI ညွှန်းကိန်းက ၁ ဒသမ ၄၀ ရာခိုင်နှုန်း ပြန်တက်ခဲ့ပါတယ်။
အမေရိကန်ဗဟိုဘဏ်က စျေးနှုန်းတွေကို ခုအချိန်မှာ ထိန်းချုပ်လို့ အောင်မြင်ခဲ့ရင် ရေရှည်မှာ စီးပွားရေးတိုးတက်လာမယ်လို့ ယူဆထားကြတာပါ။
အမေရိကန်ဗဟိုဘဏ်ရဲ့ အခြေခံအမှတ် ၇၅ မှတ်နဲ့ အတိုးနှုန်းမြှင့်တင်ဖို့ ဆုံးဖြတ်ချက်ကို ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားတဲ့ အပြောင်းအရွှေ့တခုအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေက ကြိုဆိုခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံမှာ ငွေကြေးဖောင်းပွနှုန်း မတ်လကစတင်ပြီး မြင့်တက်လာနေတာကြောင့် စားသုံးသူ ကုန်ဈေးနှုန်း အညွှန်းကိန်းက ၈ ဒသမ ၅ ရာခိုင်နှုန်းထိ တက်လာခဲ့ပါတယ်။
ဒါဟာ ၁၉၈၁ ဒီဇင်ဘာလကတည်းကနေ ခုထိ နှစ် ၄၀ အတွင်း အမြင့်ဆုံးအဆင့်ပဲလို့ အမေရိကန် အလုပ်သမားဝန်ကြီးဌာနက ဧပြီ ၁၂ ရက်မှာ အစီရင်ခံပါတယ်။
နောက်ဆုံးရ အချက်အလက်တွေက ငွေကြေးဖောင်းပွမှု ဆက်ပြီး မြင့်တက်နေတာကြောင့် လာမယ့် မူဝါဒရေးရာ အစည်းအဝေးတွေမှာ အမေရိကန် ဗဟိုဘဏ်ရဲ့ အတိုးနှုန်းတွေ ပိုမြင့်နိုင်ချေအတွက် အကြောင်းပြချက် ခိုင်လုံနေတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။
ငွေကြေးဖောင်းပွနှုန်း ကျဆင်းဖို့ အရေးကြီးတယ်လို့ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးက မကြာခင်က ပြောခဲ့သေးတာပါ။
ငွေကြေးဖောင်းပွမှုဆိုင်ရာ ညွှန်းကိန်းတွေ အာမခံချက်ရှိကြောင်း ပြနေရင် ဗဟိုဘဏ်ဟာ ပိုအားကောင်းကောင်း အရေးယူဖို့ ပြင်ဆင်ထားတယ်လို့လည်း သူက ဆိုပါတယ်။
အမေရိကန်ဒေါ်လာ ၉၅ ဘီလီယံဖိုး လစဉ်အသုံးစရိတ်ကို ထောက်ခံကြောင်း အရာရှိတွေက အချက်ပြလိုက်ခြင်းအားဖြင့် ဗဟိုဘဏ်ရဲ့ ငွေစာရင်းရှင်းတမ်း အရွယ်အစားကို မေလ အစောဆုံးထား လျှော့ချနိုင်ပြီလို့လည်း ရိုက်တာသတင်းမှာ သုံးသပ်ဖော်ပြထားပါတယ်။