close

အမေရိကန်ရှေ့နေများအသင်း (အေဘီအေ)

close

July 9, 2021

ဥပဒေမဲ့ သတ်ဖြတ်ဖမ်းဆီးမှုများရပ်တန့်ရန် အမေရိကန်ရှေ့နေအသင်း တောင်းဆို

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုကတစ်ဆင့် တရားဥပဒေစိုးမိုးရေးကို တပ်မတော်က ပယ်ဖျက်လိုက်သည့်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့  တရားဥပဒေစိုးမိုးရေးစာတစ်စောင်ကို အမေရိကန်ရှေ့နေများအသင်း (အေဘီအေ) က ထုတ်ပြန်လိုက်ပါတယ်။

ဥပဒေမဲ့ သတ်ဖြတ်ခြင်းတွေနဲ့ မတရား ဖမ်းဆီးထိန်းသိမ်းတာတွေကို  ရပ်တန့်ဖို့၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကိုလွှတ်ပေးဖို့လည်း စစ်တပ်ကို တိုက်တွန်းထားပါတယ်။

ဇူလိုင် ၅ ရက် နေ့စွဲနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဦးတည်လိပ်မူပြီး ရေးသားထားတဲ့ စာထဲမှာ တရားဥပဒေစိုးမိုးရေးကို ပြန်လည်အသက်သွင်းဖို့နဲ့  တရားသူကြီးအဖွဲ့၊ ရှေ့နေတွေနဲ့ တရားရေးအရာရှိတွေရဲ့ လွတ်လပ်မှုကိုလေးစားလိုက်နာဖို့ အေဘီအေက တောင်းဆိုထားပါတယ်။

နိုင်ငံတကာ တရားဥပဒေ စံချိန်စံညွှန်းတွေကို  ချိုးဖောက်ပြီး မြန်မာနိုင်ငံ ရာဇသတ်ကြီးကို ပြင်ဆင်နေမှု၊ ရာဇဝတ်ကျင့်ထုံးနဲ့  ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေ (၂၀၁၆) တို့ကို ပြန်လည်ပြင်ဆင်နေမှုအားလုံးကို နောက်ပြန်ဆုတ်ဖို့ကိုလည်း တောင်းဆိုလိုက်ကြောင်း စာမျက်နှာ ၃ မျက်နှာပါ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တရားဥပဒေစိုးမိုးရေး ဆိုင်ရာပေးစာထဲမှာ ဖော်ပြထားပါတယ် ။ 

30 seconds Ago
Up