close

အမေရိကန်လက်ဝှေ့မယ်

close

May 29, 2022

Thai Fight မွေထိုင်းလက်ဝှေ့ပွဲတွင် ကယန်းလက်ဝှေ့မယ် ဘရော်နီကာက အမေရိကန်လက်ဝှေ့မယ်ကို အနိုင်ရ

ထိုင်းနိုင်ငံမှာ မေ ၂၉ ရက် ဒီနေ့ည  ယှဉ်ပြိုင်ထိုးသတ်သွားတဲ့ Thai Fight မွေထိုင်းလက်ဝှေ့ ပြိုင်ပွဲမှာ ကယန်းကျားသစ်မယ်လို့ လူသိများတဲ့ မြန်မာနိုင်ငံက ကရင်နီ အမျိုးသမီးလက်ဝှေ့သမား ဘရော်နီကာ  (Vero V.Rujirawong)  က ပြိုင်ဘက် အမေရိကန် အမျိုးသမီးလက်ဝှေ့သမား  Angela Chang  ကို အနိုင်ရသွားပါတယ်။

ဒီပွဲမှာ သုံးချီအပြည့် ရေကုန်ရေခန်း ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီးနောက်  ဘရော်နီကာက အမှတ်နဲ့ နိုင်ရသွားတာဖြစ်ပါတယ်။ 

ဘရော်နီကာဟာ  Thai Fightရဲ့ ၄ ပွဲမြောက် ဆက်တိုက်အနိုင်ရတာဖြစ်ပြီး  လာရောက်အားပေးကြသူတွေကိုရော အွန်လိုင်းကနေ ကြည့်ရှုအားပေးကြတဲ့   ပရိတ်သတ်တွေ အားလုံးကို ရင်ထဲကအထူးကျေးဇူးတင်တဲ့ အကြောင်း ပွဲအပြီးမှာ ဘရော်နီကာက သူ့ရဲ့လူမှုကွန်ရက်ကနေ ရေးသားထားပါတယ်။ 

12 hours Ago
Up