close

အမေရိကန် စစ်သည်

close

August 10, 2021

အမေရိကန်စစ်သည် ၁ ဒသမ ၃ သန်း ကိုဗစ်ကာကွယ်ဆေး မဖြစ်မနေ ထိုးရမည်

အမေရိကန် စစ်တပ်ထဲမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးကို စစ်သည် ၁ ဒသမ ၃ သန်းက မဖြစ်မနေ ထိုးနှံရမယ့်ကိစ္စအဖြစ် သမ္မတရဲ့ အတည်ပြုချက်ရဖို့ ကြိုးစားမယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က သြဂုတ် ၉ ရက်မှာ ပြောပါတယ်။

ပြည်ထောင်စုအစိုးရ ဝန်ထမ်းတွေအတွက် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ စည်းမျဥ်းတွေကို သတ်မှတ်ပြီးမှာ စစ်တပ်ထဲက တပ်ဖွဲ့ဝင်တွေ ကာကွယ်ဆေးကို ဘယ်အချိန်မှာ ဘယ်လို ထိုးဖို့လိုမလဲဆိုတာ စစ်ဆေးဖို့ သမ္မတဘိုင်ဒင်က ပင်တဂွန်ကို အရင်လက ညွှန်ကြားခဲ့ပါတယ်။

ဖိုင်ဇာနဲ့ ဘိုင်အိုအန်တက်ခ် ကာကွယ်ဆေးတွေကို အမေရိကန် အစားအစာနဲ့ ဆေးဝါးစီမံခန့်ခွဲရေး ဌာနက အပြည့်အဝ အတည်ပြုပေးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လာမယ့်လကစပြီး တာဝန်ထမ်းဆောင်ဆဲ စစ်သည်တွေအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို မဖြစ်မနေ ထိုးနှံဖို့ အမေရိကန်အစိုးရက ရွှေ့ဆိုင်းခဲ့ပါတယ်။

လောလောဆယ်မှာတော့ ဒီကာကွယ်ဆေးတွေကို အရေးပေါ်သုံးဖို့အတွက်သာ အခွင့်အာဏာ ပေးထားပါတယ်။

12 mins Ago
Up