close

အမေရိကန် ဆီးနိတ်

close

April 8, 2022

ပထမဆုံးလူမည်းအမျိုးသမီး တရားသူကြီးကို အမေရိကန်ဆီးနိတ် အတည်ပြု

အမေရိကန်ဆီးနိတ်လွှတ်တော်က သမ္မတဂျိုးဘိုင်ဒင် အမည်စာရင်းတင်သွင်းတဲ့ လူမည်းအမျိုးသမီး ကက်တန်ဂျီ ဘရောင်း ဂျက်ဆင်ကို တရားရုံးချုပ်တရားသူကြီးအဖြစ် ဧပြီ ၇ ရက်နေ့က ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။ 

ဂျက်ဆင်ဟာ အမေရိကန်သမိုင်းမှာ ပထမဆုံး ဖက်ဒရယ် အမြင့်ဆုံးတရားရုံးမှာ တာဝန်ထမ်းဆောင်မယ့် လူမည်းအမျိုးသမီး ဖြစ်လာတာပါ။ 

ဆီးနိတ်က ၅၃ မဲ ၄၇ မဲနဲ့ မဲခွဲဆုံးဖြတ်ခဲ့ပြီး ဂျက်ဆင်ကို လစ်လပ်တရားသူကြီးနေရာအတွက် အတည်ပြုပေးခဲ့တာပါ။

အသက် ၅၁ နှစ်ရှိ ဂျက်ဆင်ဟာ အငြိမ်းစားယူသွားတဲ့ အသက် ၈၃ နှစ်ရှိ တရားသူကြီး ဘရေယာရဲ့ နေရာကို ဝင်ယူမှာပါ။ 

အမေရိကန်အဆင့်မြင့်တရားရုံး Supreme Court ကို ၁၇၈၉ ခုနှစ်မှာ စထူထောင်ခဲ့ပြီး၊ လက်ရှိ အချိန်ထိ တရားသူကြီး ၁၁၅ ဦး ထမ်းဆောင်ခဲ့တာပါ။ 

အဲဒီမှာ လူမည်းအမျိုးသား တရားသူကြီးနှစ်ဦးသာ ပါခဲ့ပြီး၊ အားလုံး လူဖြူတရားသူကြီးတွေပါ။ အခု  ဘရောင်း ဂျက်ဆင်က Supreme Court ရဲ့ ပထမဆုံး လူမည်းအမျိုးသမီး တရားသူကြီးဖြစ်ပြီး ၆ ဦးမြောက် အမျိုးသမီး တရားသူကြီလည်း ဖြစ်ပါတယ်။

1 min Ago
Up