close

အမေရိကန် ရဲအရာရှိ

close

February 3, 2022

တာဝန်ထမ်းဆောင်စဉ် ကျဆုံးသွားသည့် အမေရိကန် ရဲအရာရှိ၏ ဈာပန ကျင်းပ

တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ အမေရိကန် နယူးယော့ခ်ပြည်နယ် ရဲအရာရှိ ဝီလ်ဘတ် မိုရာရဲ့ ဈာပနကို ဖေဖော်ဝါရီ ၂ ရက်က ကျင်းပခဲ့ရာမှာ ရာနဲ့ချီတဲ့ ရဲဝန်ထမ်းတွေ လာရောက် ဂါရဝပြုခဲ့ပါတယ်။ 

မိုရာဟာ ပြီးခဲ့တဲ့လက အိမ်တွင်းအကြမ်းဖက်မှုတခု ဖြေရှင်းပေးဖို့ ဖုန်းခေါ်ဆိုမှုကြောင့် သွားရောက်ခဲ့ရာမှာ  အသတ်ခံခဲ့ရတာပါ။

ဈာပနကို မက်ဟန်တန် စိန့်ပက်ထရစ်ဘုရားကျောင်းမှာ ကျင်းပပါတယ်။ ဝီလ်ဘတ်မိုရာ သေဆုံးမှု မတိုင်ခင် တပတ်က ဂျွန်ဆင်ရီဗီရာဆိုတဲ့ ရဲအရာရှိလည်း အလားတူဖြစ်ရပ်နဲ့ အသတ်ခံခဲ့ ရပါတယ်။

ဈာပနာအခမ်းအနားကို နယူးယော့ခ်မြို့တော်ဝန် အီးရစ်အဒမ်စ် တက်ရောက်ပြီး သေဆုံးသူကို အဆင့်မြင့်ရာထူးတိုးမြှင့်ပေးပြီး ဝမ်းနည်းစကား ပြောခဲ့ပါတယ်။

1 min Ago
Up