close

အမေရိကန် သံရုံး

close

September 8, 2021

ကဘူးလ်မြို့ရှိ အမေရိကန်သံရုံး တံတိုင်းပေါ်တွင် တာလီဘန် အလံ၊ အမှတ်တံဆိပ်များ ပုံဖော်

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်က အမေရိကန် သံရုံးပတ်လည်မှာရှိတဲ့ တံတိုင်းပေါ်မှာ တာလီဘန်တွေက သူတို့အလံနဲ့ အမှတ်တံဆိပ်ကို စက်တင်ဘာ ၇ ရက်က ဆေးမှုတ် ပုံဖော်ကြပါတယ်။

အစိုးရအသစ်ဖွဲ့ရေး ဆက်ပြီး ဆင်ခြင်စဉ်းစားနေတယ်လို့လည်း ဆိုပါတယ်။

တာလီဘန်တွေရဲ့ အစ္စလာမစ် ယုံကြည်မှု ကြေညာချက်နဲ့အတူ အဖြူနဲ့ အနက်ရောင် အလံတွေကို လမ်းတချို့မှာ စီတန်းစိုက်ထူထားပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံကို အရင်လက သိမ်းပိုက်ခဲ့တဲ့ တာလီဘန်အုပ်စုနဲ့ သံတမန်ရေးကိစ္စတွေ ဆောင်ရွက်နေဆဲလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အင်္ဂါနေ့မှာ ပြောပါတယ်။

ခရီးသွားလက်မှတ်ရှိတဲ့ လူတွေကို အာဖဂန်နစ္စတန်ကနေ လွတ်လွတ်လပ်လပ် ထွက်ခွာခွင့် ပေးမယ်လို့ တာလီဘန် အရာရှိတွေက အမေရိကန်အစိုးရကို ပြောခဲ့တဲ့အကြောင်း ရိုက်တာက စက်တင်ဘာ ၇ ရက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်စစ်တပ်နဲ့ သံတမန်တွေဟာ အရင်သီတင်းပတ်က ကဘူးလ်လေဆိပ်က ပရမ်းပတာ အခြေအနေကြားကနေ အာဖဂန်နစ္စတန်နိုင်ငံထဲကနေ အမြန်ထွက်သွားခဲ့ကြပြီး အာဖဂန်မှာ စစ်ရေးပါဝင်မှု နှစ် ၂၀ လည်း အဆုံးသတ်ခဲ့ပါတယ်။

4 mins Ago
Up