close

အမေရိကန် အထက်လွှတ်တော်

close

March 11, 2022

ယူကရိန်းကို ဒေါ်လာ ၁၃ ဘီလီယံကျော် ထောက်ပံ့ရန် ကန်အထက်လွှတ်တော် အတည်ပြု

ယူကရိန်းနိုင်ငံကို ကူညီထောက်ပံ့ဖို့ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၆ ဘီလီယံနဲ့ အမေရိကန် ပြည်ထောင်စုအစိုးရအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ ပံ့ပိုးဖို့ ဥပဒေကို အမေရိကန် အထက်လွှတ်တော်က မတ်လ ၁၀ ရက်မှာ အတည်ပြုလိုက်ပါတယ်။

စာမျက်နှာ ၂,၇၀၀ ပါတဲ့ ဥပဒေမူကြမ်းကို အောက်လွှတ်တော်က အတည်ပြုပြီး နောက်တရက်မှာ အထက်လွှတ်တော်မှာပါ ထောက်ခံမဲ ၆၈ မဲ ကန့်ကွက်မဲ ၃၁ မဲနဲ့ အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

ဒီဥပဒေမူကြမ်းကို ဥပဒေအဖြစ် မတ်လ ၁၁ ရက် ညသန်းခေါင်မတိုင်မီ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ထိုးဖို့ မျှော်လင့်ထားပါတယ်။

ယူကရိန်းအတွက် အထောက်အပံ့ထဲမှာ လူသားချင်းစာနာမှု အထောက်အပံ့တွေ အပါအဝင် လက်နက်ခဲယမ်းတွေနဲ့ တခြား စစ်ဘက်အထောက်အပံ့တွေအတွက် ဘဏ္ဍာငွေပံ့ပိုးဖို့ ပုံစံထုတ် ရေးဆွဲထားပါတယ်။

ပြည်ထောင်စုအစိုးရ ရန်ပုံငွေနဲ့ ထိပ်တန်းဦးစားပေး မူဝါဒတွေနဲ့ ပတ်သက်လို့ လချီ ညှိနှိုင်းစည်းဝေးအပြီး ခုလို အတည်ပြုလိုက်တာပါ။

ဒီမိုကရက်ပါတီဝင်တွေကတော့ သမ္မတဘိုင်ဒင် အစိုးရဟာ ယူကရိန်းအစိုးရကို ကူညီဖို့ ပိုလုပ်ရမယ်လို့ ပြောနေပါတယ်။

ရုရှားတပ်တွေကို တိုက်ခိုက်ရာမှာ ယူကရိန်းကို ထောက်ပံ့ကြောင်းပြသဖို့ အမတ်တွေက အလုအယက် ကြိုးစားနေချိန်မှာ ခုလို လွှတ်တော် ၂ ရပ်စလုံးက ဥပဒေမူကြမ်းကို အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

3 hours Ago
Up