close

အမ်စတာဒမ်မြို့တော်

close

May 22, 2021

နယ်သာလန်ရောက်မြန်မာများ No Fly Zone Campaign ပြုလုပ်

နယ်သာလန်ရောက် မြန်မာနိုင်ငံဖွား အမေ့သမီးများ ပိုစတာကမ်ပိန်းလှုပ်ရှားမှု အုပ်စုက " No Fly Zone Campaign ကို မေလ ၂၂ ရက်နေ့က အမ်စတာဒမ်မြို့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

No Fly Zone Campaign ကို နယ်သာလန်နိုင်ငံရဲ့မြို့တော် အမ်စတာဒမ်မှာရှိတဲ့ Eye မြူဇီယမ်ရှေ့မှာ သွားရောက်ပြီး စက္ကူလေယာဉ်ပျံတွေခေါက်ကာ လေယာဉ်ပေါ်မှာ No Fly Zone in Myanmar နဲ့ Save Myanmar , အပြင် လက်ကိုင်ပိုစတာတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

“အကြမ်းဖက် စစ်ကောင်စီရဲ့ မြန်မာပြည်တွင်းက ဒေသအသီးသီးမှာ ပြည်သူတွေကို လေယာဉ်တွေနဲ့ အင်အားသုံးတိုက်ခိုက်နေတာတွေ တိုင်းရင်းသားဒေသတွေနဲ့ မြို့ပြတွေအထိကို လေယာဉ်တွေနဲ့ တိုက်ခိုက်လာမှုတွေကို ရပ်တန့်စေလိုတဲ့အတွက် ဒီနေ့ပါဝင်ပြုလုပ်ရခြင်းဖြစ်ပါတယ်” လို့ No Fly Zone Campaign ပါဝင်သူတဦးက ပြောပါတယ်။

မင်းတပ်က ပြည်သူတွေရဲ့ ခံစားရမှုတွေကို လွန်စွာစိတ်မကောင်းဖြစ်ရကြောင်းနဲံ နိုင်ငံတကာက လူသားခြင်းစာနာမှုတွေနဲ့ ကူညီပေးကြဖို့ တောင်းဆိုတယ်လို့ ဆိုပါတယ်။

“အာဏာသိမ်းစစ်ကောင်စီတပ်တွေက လူသားတွေကို ဒိုင်းတွေလိုကာတိုက်ခိုက်တာတွေက လက်ခံနိုင်စရာမရှိပါဘူး။ Humans Are Not Shields လူသားတွေကို ဒိုင်းတွေလိုကာကွယ်ပြီး စစ်ဆင်ရေးတွေကို ကျမတို့အနေနဲ့ အပြင်းအထန် ရှုတ်ချပါတယ်။ ကျမတို့ရဲ့ သွေးချင်းညီအကိုတွေ အားလုံးစုဝေးနေထိုင်တဲ့ မြန်မာနိုင်ငံကို အားလုံးက တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီပေးကြပါလို့ ပြောချင်ပါတယ်။”

No-Fly Zone Campaign ကို မနက် ၁၀ နာရီမှ နေ့လယ် ၁ နာရီအထိ အမ်စတာဒမ်မြို့ရဲ့ အထင်ကရ လူစည်ကားရာ နေရာတွေမှာ ပြုလုပ်ခဲ့ပါတယ်။

12 hours Ago

November 7, 2019

အမ်စတာဒမ်မြို့တော် လေဆိပ်တွင် သတိပေးချက်ခလုပ် မှားယွင်းနှိပ်မိ

လေယာဉ်မှူးတယောက်က လေယာဉ်မောင်းတဲ့ အခန်းထဲမှာ ပြန်ပေးဆွဲမှု သတိပေးချက် ခလုတ်ကို မတော်တဆထိမိလို့ ဥရောပရဲ့ လူအစည်ကားဆုံး လေဆိပ်တွေထဲကတခုဖြစ်တဲ့ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တော်က ချစ်ဖိုလ်လေဆိပ်မှာ နိုဝင်ဘာ ၁၁ ရက်က အကြီးစား လုံခြုံရေး ပိတ်သိမ်းမှု ဖြစ်ခဲ့ပါတယ်။ ဘယ်လို အမှားအယွင်း ဖြစ်ခဲ့တာလဲဆိုတာ ဆုံးဖြတ်ဖို့ စုံစမ်းစစ်ဆေးနေဆဲလို့ နယ်သာလန် စစ်ရဲက ပြောပါတယ်။ လေယာဉ်ဟာ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ကနေ စပိန်နိုင်ငံ မက်ဒရစ်မြို့ကို ပျံသန်းဖို့ စီစဉ်ထားပြီး လေဆိပ်ရဲ့ ဘေးကင်းရေး လုပ်ထုံးလုပ်နည်းတွေကို မတော်တဆ အသက်ဝင်အောင် လုပ်မိခဲ့တယ်လို့ စပိန်ပိုင် ယူရိုပါ လေကြောင်းလိုင်းက ပြောပါတယ်။  “ခရီးသည်တွေ အားလုံး အခြေအနေကောင်းတယ်၊ ပျံတက်မယ့် လေကြောင်းလိုင်းအတွက် စောင့်နေကြတယ်၊ ဝမ်းနည်းပါတယ်၊ သတိပေး တပ်လှန့်စရာ အကြောင်းရင်း မရှိခဲ့ပါဘူးလို့”  ယူရိုပါ လေကြောင်းလိုင်းက ပြောခဲ့ပါတယ်။
2 years Ago
Up