အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီယားပြည်နယ်မှာ မကြာသေးမီက ဆီးနှင်းအများအပြား ကျရောက်ခဲ့တာကြောင့် မတ် ၂၄ ရက်မှာ တာဟိုးရေကန်အနီး နေထိုင်သူတွေဟာ ပေ ၅၀ ကျော်ရှိတဲ့ နှင်းထုတွေအကြား ရုန်းကန်းလှုပ်ရှားနေရပါတယ်။
ဒီလို ဆီးနှင်းကျဆင်းရာက ခေါင်မိုးတွေ အပါအဝင် နေရာတိုင်းမှာ ကြီးမားတဲ့ နှင်းထုတွေနဲ့ ပြည့်နှက်နေပြီး ဒီနှင်းထုအလေးချိန်ကြောင့်ပဲတချို့ ခေါင်မိုးပျက်စီးသွားတာတွေလည်း ရှိတယ်လို့ အယ်လ်ဒိုရာဒို ကောင်တီ ကြီးကြပ်ရေးမှူးဟောင်း ဆူးနိုဗက်ဆဲလ် ကပြောကြားပါတယ်။
အမျိုးသားမိုးလေဝသဌာနကတော့ မတ် ၁၇ ရက် ညဉ့်နက်ပိုင်းကနေ မတ် ၂၈ ရက် နေ့လယ် ပိုင်း အထိ ဆီနှင်းကျဆင်းမှုနှုန်း အမြင့်ဆုံးနဲ့ လေတိုက်ခတ်မှု အပြင်းထန်ဆုံး ဖြစ်နိုင်ကြောင်း ခန့်မှန်းထားချက်ကို ပြည်သူလူထုကို အသိပေးခဲ့ပါတယ်။
အမျိုးသားဥယျာဉ်တွေဖြစ်ကြတဲ့ လက်စ်ဆန်နဲ့ ပလူးမတ်စ် အရှေ့ပိုင်းဒေသတွေ အပါအဝင် ဆီအယ်ရာကောင်တီနဲ့ တာဟိုးရေကန်ဧရိယာ နေရာအနှံ့အပြားမှာ မတ် ၂၉ ရက် မတိုင်ခင်အထိ နှင်းမုန်တိုင်းကျရောက်နိုင်မှုကို စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။