close

အများအပြားဒဏ်ရာရ

close

November 20, 2021

ဆောမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရ

မကွေးတိုင်းဒေသကြီး ဆောမြို့နယ်မှာ နိုဝင်ဘာလ ၁၉ ရက်နေ့မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တပ်ဖွဲ့ ၄ ဖွဲ့နဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က အယောက် ၂၀ ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ PDF - ဆော တပ်ဖွဲ့ဆီက သိရပါတယ်။

ဆောမြို့နယ်မှာ နိုဝင်ဘာ ၁၉ ရက်နေ့ မနက် ၅ နာရီ ကျော်ကနေ ၁‌၁ နာရီလောက်အထိ PDF-ဆော၊YDF-ဆော၊ ကျောက်ထု၊ CDF-ကန်ပက်လက်နဲ့ CDF-မင်းတပ်တို့ ညီနောင်မဟာမိတ် ၄ ဖွဲ့နဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တာလို့ PDF-ဆော ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ နိုဝင်ဘာလ ၁၇ ရက်နေ့ကနေ ဒီကနေ့အထိ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်တာကြောင့် အဲဒီနေ့မှာပဲ PDF-ဆောက ရဲဘောက် နှစ်ယောက် လက်နက်ကြီးထိမှန်ပြီး တစ်ယောက်၊ လက်နက်ငယ်ထိမှန်ပြီးတော့ တစ်ယောက် တိုင်းပြည်အတွက် အသက်ပေးလိုက်ရတယ်လို့ ဆိုပါတယ်။

ဒီကနေ့ တိုက်ပွဲပြင်းထန်နေတဲ့အချိန် မနက် ၁၁ နာရီခွဲလောက်ကနေ မွန်းလွဲ ၂ နာရီလောက်ထိ စစ်အုပ်စုဘက်က လေကြောင်းကနေ ရဟတ်ယာဥ်နဲ့ အကြိမ် ၃၀ လောက်ဗုံးကြဲပြီး စက်သေနတ်တွေနဲ့ ဒုံးကျည်တွေပါ အသုံးပြုပြီး တိုက်ခိုက်တာကြောင့် ညီနောင်မဟာမိတ်ဖွဲ့တွေ ဘေးလွတ်ရာကို ဆုတ်ခွာခဲ့ရတယ်လို့ ပြောပါတယ်။

“စစ်အုပ်စုက လေကြောင်းကနေ တိုက်ခိုက်တော့ ကျေးရွာတွေမှာ ရှိတဲ့ ဒေသခံပြည်သူတွေ အကုန်လုံး ထွက်ပြေးတိမ်းရှောင်ကြရတာပေါ့။ လောလောဆယ်မှာ ရွာတွေမှာရှိတဲ့ ပြည်သူတွေရဲ့ ထိခိုက်ပျက်စီးတာတွေကို အတိကျအတည်မပြုနိုင်သေးဘူး။ အဲဒီ ရဟတ်ယာဉ်က နောက်ထပ်ပြန်လာနိုင်သလို တိုက်ပွဲတွေလည်း တက်ပြီး ဖြစ်နိုင်သေးတယ်” လို့  PDF-ဆော ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မနေ့ကလည်း ထိတွေတိုက်ပွဲတွေဖြစ်ပွားပြီး စစ်ကောင်စီတပ်က တောမရွာကို အကုန်လုံး ရမ်းသမ်းပစ်ခတ်သွားတာကြောင့် ရွာလူကြီး ကျည်ထိသွားပြီး ရွာသားတွေလည်း ဖမ်းဆီးစစ်ဆေး နှိပ်စက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲဖြစ်တဲ့နေရာကို ကျောက်ထုလေဆိပ်ကနေ Mi 35 လေယာဥ်တစ်စီးနဲ့ ထောက်ပို့ ရဟတ်ယာဥ်တစ်စီးပျံဝဲပြီးတော့ ရဟတ်ယာဥ် ၅ မိနစ်လောက်ဆင်းသက်ကာ စစ်အုပ်စု အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို သယ်သွားကြတယ်လို့ PDF-ဆောက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်စဉ်နဲ့ သေဆုံးဒဏ်ရာရမှုအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

10 mins Ago

September 16, 2021

ကန်ပက်လက်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၄ သေဆုံးပြီး အမျာအပြားဒဏ်ရာရ

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ စက်တင်ဘာလ ၁၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်အုပ်စုဘက်က ၄ ယောက်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ ကန်ပက်လက် CDF က ထုတ်ပြန်ပါတယ်။

ကန်ပက်လက်မြို့အရှေ့ဘက် ၆ မိုင်လောက်အကွာမှာ CDF တပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်အုပ်စုတွေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပေမယ့်လည်း ကန်ပက်လက် CDF ဘက်က အထိခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်က ကန်ပက်လက်မြို့ပေါ်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြီး အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် မြို့ပေါ်က နေအိမ်တစ်ချို့ ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တာကြောင့် ကန်ပက်လက်မြို့ပေါ်က မိဘပြည်သူတွေအနေနဲ့ ပြင်ဆင်စရာရှိတာတွေကို ကြိုတင်ပြင်ဆင်ထားကြဖို့ ထပ်မံသတိပေးထားပါတယ်။

ကန်ပက်လက်မြို့နယ်နဲ့ ဆောမြို့နယ်အစပ်မှာ မနေ့ကလည်း ကန်ပက်လက် CDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ အကြမ်းဖက်စစ်အုပ်စုဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒါဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ကန်ပက်လက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာ ရရှိခဲ့မှုနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးပါဘူး။

2 months Ago
Up