မန်ယူတိုက်စစ်မှူး ဂရင်းဝုဒ် အသင်းဆီပြန်လာမှာကို မန်ယူအမျိုးသမီးကလပ်အသင်းရဲ့ ကစားသမားတွေနဲ့ မန်ယူအမျိုးသမီးပရိတ်သတ်တွေက စိုးရိမ်မှုရှိနေကြတယ်လို့ သိရပါတယ်။
အသက် ၂၁ နှစ်ရှိ ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အမျိုးသမီးတစ်ဦးကို အဓ္ဓမကျင့်ရန်ကြိုးပမ်းမှု၊ အတင်းအကျပ်ထိန်းချုပ်မှု၊ ထိခိုက်နာကျင်စေမှုတွေနဲ့ စွဲချက်တင်ခံခဲ့ရတာပါ။
ဒါပေမဲ့အဓိကသက်သေက နုတ်ထွက်သွားတာကြောင့် အခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းက အမှုကိုပြန်လည်ရုပ်သိမ်းခဲ့တာပါ။
ဒီလိုအခြေအနေမှာ မန်ယူအမျိုးသမီး ကစားသမားတွေဘက်ကတော့ ဂရင်းဝုဒ်အသင်းနဲ့ ပြန်လည်ပူးပေါင်းမှာကို စိုးရိမ်နေတယ်လို့ သတင်းတွေကဖော်ပြပါတယ်။
မန်ယူအမျိုးသမီးအားပေးသူအဖွဲ့ကို တည်ထောင်သူ နာတယ်လီဘာရယ် ကတော့ ဂရင်းဝုဒ်အနေနဲ့ အမျိုးသမီးတစ်ဦးအပေါ် ပြုမှုလုပ်ဆောင်ခဲ့တာတွေက မန်ယူနိုက်တက်လို့ ထိပ်တန်းအသင်းကြီးတစ်သင်းမှာ ပြန်ကစားဖို့ ထိုက်တန်မှုမရှိတော့ကြောင်း၊ ဂရင်းဝုဒ်ပြန်လာမှာကို လုံးဝမလိုလားကြောင်းနဲ့ ယူနိုက်တက်ဘက်ကလည်း အလားတူ ထုတ်ပြန်ချက် လုပ်ဆောင်စေချင်ကြောင်းပြောပါတယ်။
မန်ယူအသင်းဟာ အမှုစွဲဆိုခံရချိန်ကတည်းက ဂရင်းဝုဒ်ကို အသင်းလူစာရင်းကနေထုတ်ပယ်ခဲ့ပေမဲ့ ပြန်လွတ်လာချိန်မှာတော့ ဂရင်းဝုဒ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘယ်လိုအစီအစဉ်တွေရှိသလဲဆိုတာ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။