close

အမျိုးသမီးကွန်မန်ဒိုအဖွဲ့

close

July 26, 2022

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဥ်အုပ်စုကို အမျိုးသမီးကွန်မန်ဒိုအဖွဲ့ ပါဝင်တိုက်ခိုက်

စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်အတွင်း ဇူလိုင် ၂၄ ရက်နေ့က အလုံမင်းဒေါင့် ဆိပ်ကမ်းကနေ ဆန်တက်လာတဲ့ စစ်ကောင်စီတပ်သားအင်အား ၁၀၀ ကျော်ပါ စစ်ရေယာဉ်အုပ်စုကို အမျိုးသမီးကွန်မန်ဒိုအဖွဲ့တို့ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ Area -21 Revolution Network အဖွဲ့က ဇူလိုင် ၂၆ ရက် ရက်နေ့မနက် ထုတ်ပြန်ပါတယ်။

မုံရွာ မင်းဒေါင့် ဆိပ်ကမ်းက‌နေ ဇူလိုင် ၂၄ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံကုန်တင်သင်္ဘော ဖလက် ၇ စီးကို စစ်သင်္ဘောတစီးနဲ့ Speed Boat တွေခြံရံပြီး ကနီမြို့က‌နေ ဆန်တက်လာရာ ဆင်တော်ဝဲအောက်ဘက်အရောက် MDF - Special Force အဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိနစ် ၅၀ လောက် အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ MDF အဖွဲ့က ဆိုပါတယ်။

အဆိုပါတိုက်ပွဲမှာ စနိုက်ပါအပါအဝင် (၄၀) မမ၊ လက်နက်ငယ်တွေနဲ့ပါ MDF ဘက်ကပစ်ခတ်ခဲ့သလို စစ်ကောင်စီဘက်ကလည်း စက်လက်တွေ၊ စနိုက်ပါ၊ (၆၀) မမ၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ MDF အဖွဲ့က ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ သင်္ဘော ၂ စီး ကျည်ထိမှန်ပြီး မီးခိုးများအူကာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆက်လက်ဆန်တက်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ စစ်ကောင်စီ လက်အောက်ခံရေယာဥ်အုပ်စုမှာ စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ ဟုမ္မလင်းမြို့ နဲ့ ခန္တီးမြို့တို့ကို လက်နက်ခဲယမ်း ရိက္ခာပို့ဆောင်ဖို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတာလို့ ဒေသတွင်း သတင်းရင်းမြစ်တွေက‌ ပြောပါတယ်။

5 mins Ago
Up