close

အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးရုံး

close

March 19, 2023

ဖားကန့်ရှိ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးရုံး ဖျက်ဆီးခံရပြီး အမျိုးသား ၁ ဦး ဖမ်းခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မတ် ၁၇ ရက် ညပိုင်းက ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက ဖွင့်လှစ်ထားတဲ့ အမျိုးသမီးစွမ်းရည်မြင့်တင်ရေးရုံးကို စစ်ကောင်စီတပ်က လာရောက်ဖျက်ဆီးပြီး အမျိုးသားတယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှော်စီစာကျေးရွာ ဖြူစင်ကုန်းရပ်ကွက်မှာ မတ် ၁၆ ရက်က စတင်ဖွင့်လှစ်ခဲ့တဲ့ အမျိုးသမီး စွမ်းရည်မြှင့်တင်ရေးရုံးကို  စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးခဲ့တာဖြစ်ပြီး ရုံးစောင့် အမျိုးသား တယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။ 

ဒေသခံအမျိုးသား တဦးက "ရုံးဖွင့်တာက ၁၆ ရက်ကမှဖွင့်တာ။  ဖွင့်ပြီးနောက်နေ့ ည ၁၁ နာရီ လောက်  စစ်တပ်က ကားသုံးစီးနဲ့ရောက်လာပြီး ညဘက် ရုံးရှေ့က ဖြတ်သွားတဲ့ ရေမဆေးသမား တွေကိုတားပြီး ရုံးကို ဖျက်ဆီးခိုင်းတာ။ ရေမဆေးသမားတွေကလည်းဟိုက သေနတ်တွေ နဲ့ဆိုတော့ ကြောက်လန့်ပြီး ဖျက်ဆီးရတာပဲ။  ဖျက်ဆီးပြီး ရုံးစောင့်လုပ်နေတဲ့ သူကိုလည်း ဖမ်းသွားတယ် "လို့ ပြောပါတယ်။

ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အမျိုးသမီးကော်မတီက ဦးဆောင်ပြီး ဖွင့်လှစ်ခဲ့တဲ့ အမျိုးသမီး စွမ်းရည်မြှင့်တင်ရေးရုံးကို စစ်ကောင်စီတပ်က ဝင်ရောက် ဖျက်ဆီးခဲ့လို့ ရုံးမှာ အသုံးပြုတဲ့ ကွန်ပြူတာ  ၉ လုံးနဲ့ ရုံးအသုံးအဆောင်ပစ္စည်းတွေလည်း ဆုံးရှုံးခဲ့ပါတယ်။

ဖားကန့်မြို့ ဖားပြင်ကျေးရွာမှာ မတ် ၁၁ ရက်က ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးမှာ  အစည်းဝေးလုပ်နေတဲ့  ဒေသခံ ၃၀ ထက်မနည်းကို   စစ်တပ်က ဝင်ရောက် ဖမ်းဆီးခဲ့ ပါသေးတယ်။

8 mins Ago
Up