close

အမျိုးသမီးတပ်ခွဲ

close

May 30, 2022

KNDF အမျိုးသမီးတပ်ခွဲ မွမ်းမံသင်တန်းဆင်း (ဓာတ်ပုံ)

ကရင်နီ (ကယား) ပြည်နယ် ၊ ဒီးမောဆိုမြို့အခြေစိုက် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ရင်း ၅ မှ အမျိုးသမီးသီးသန့်တပ်ခွဲ မွန်းမံသင်တန်းဆင်းပွဲကို မေ ၂၈ ရက်က ကျင်းပခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF B-05 က ထုတ်ပြန်ပါတယ်။ 

သင်တန်းကို မေ ၂၁ ရက်က အမျိုးသမီး အယောက် ၆၀ နဲ့ စတင်ခဲ့ပြီး ဒီးမောဆိုမြို့နယ်မှ အမျိုးသမီး အများစုနဲ့ လွိုင်ကော်မြို့ပေါ်က တော်လှန်ရေးအတွက် တိုက်ပွဲဝင်ဖို့ ရောက်လာ သူတွေ လည်းပါဝင်တယ်လို့  သိရပါတယ်။ 

ကရင်နီအမျိုးသားကာကွယ်ရေးတပ်၊တပ်ရင်း ၅  တာဝန်ရှိသူက "အမျိုးသမီးတွေရဲ့ ကြိုးစားအားထုတ်မှုဟာ ယောကျာ်းလေးတွေထက်  ပိုပါတယ်။ ကြိုးစားလေ့ကျင့်ကြတယ်။ စည်းကမ်းရှိတယ်။ ရဲရင့်ကြတယ်။ သင်တန်းပြီးရင် ရှေ့တန်းသွားချင်တဲ့ သူတွေလည်းရှိတယ်”လို့ ပြောပါတယ်။ 

အမျိုးသမီးတပ်ခွဲအတွက် လက်နက်ခဲယမ်း အဓိက လိုအပ်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ပြည်တွင်း၊ပြည်ပရှိ ထောက်ပို့အဖွဲ့အစည်းတွေထံ အကူညီတောင်းမယ်လို့ ဆိုပါတယ်။ 

58 seconds Ago
Up