close

အမျိုးသမီးနှစ်ဦး

close

February 18, 2022

ခင်ဦးမြို့နယ်က အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီး၊ နေအိမ် ချိပ်ပိတ်

စစ်ကိုင်းတိုင်း ခင်ဦးမြို့ပေါ်က အမျိုးသမီး ၂ ဦးကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးသွားတယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။

ခင်ဦးမြို့ပေါ်မှာ အခုလို စစ်ကောင်စီတပ်က ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် ‌မြို့ပေါ်နေ ပြည်သူတချို့  ဘေးလွတ်ရာကို မိသားစုလိုက်ပြောင်းရွှေ့နေကြတာတွေလည်း ရှိနေပါတယ်။ 

“သာမာန် CDM ဝန်ထမ်းတွေကို လိုက်ဖမ်းနေကြတာ။ ဒီနေ့ ဖမ်းခံရတာက မမိုးသူဇာခိုင်နဲ့ မမာမာအောင်။ ဘာလိုဖမ်းတာလဲဆိုတော့ သူတို့ ဖမ်းချင်လို့ ဖမ်းတာလို့ ပြောရမယ်။  မမာမာအောင်ကို PDFနဲ့ ဆက်နွှယ်ပြီး ငွေကြေးထောက်ပံ့တာတွေလုပ်လို့ ဖမ်းတာလို့ ပြောတယ်။ အထောက်အထား မတွေ့ဘဲနဲ့ ဖမ်းသွားကြတယ်။ အိမ်လည်းချိပ်ပိတ်သွားတယ်”လို့  ဒေသခံတဦးက ပြောပါတယ်။

မမိုးသူဇာခိုင်ကိုတော့ မဟုတ်မမှန်သတင်းတွေ ရေးသားဖြန့်ဝေတယ်ဆိုပြီး ဖမ်းသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ အခု ဖေဖော်ဝါရီလအတွင်း CDM ဝန်ထမ်းတွေကို လိုက်လံဖမ်းဆီးနေပြီး ငွေကြေးတောင်းခံ ပြန်လွှတ်ပေးတာတွေရှိပြီး ငွေကြေးမပေးနိုင်သူတွေကိုတော့ ခေါင်းစဉ်အမျိုးမျိုးတပ် ဖမ်းဆီတရားစွဲဆိုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

10 mins Ago

May 15, 2021

ဘုရားသုံးဆူတွင် ဆန္ဒပြ အမျိုးသမီးနှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက အဓမ္မဖမ်းဆီး

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ (ကေအဲန်ယူ၊ ဒူးပလာယာခရိုင်)မှာ  မေ ၁၄ ရက်နေ့ မနက်ပိုင်းက ဆန္ဒပြပြည်သူနှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်နဲ့ရဲတွေက နေအိမ်အတွင်း အတင်းအဓမ္မဝင်ရောက် ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြောက်ကျားသပိတ် ပြုလုပ်အပြီး နာရီပိုင်းမှာပဲ ​အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီရဲ့ တပ်နဲ့ရဲတွေက ဆန္ဒပြပြည်သူတွေကို မြို့အနှံ့ လိုက်လံရှာဖွေဖမ်းဆီးရာမှာ ရပ်ကွက် ၂၊ ရေတွင်းလမ်းမှာ နေထိုင်တဲ့ ဒေါ်ဇင်မာနဲ့ နော်ဝါးဂေထူးတို့ နှစ်ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

အပြစ်မဲ့ပြည်သူတွေကို ဝင်ရောက်ဖမ်းဆီးရာမှာ နေအိမ်နဲ့ ရေချိုးခန်းတံခါးတွေကို ထုရိုက်ဖျက်ဆီးပြီး အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

ဘုရားသုံးဆူမြို့မှာ အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်တော်လှန်တဲ့ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီးမှုတွေ ရှိနေပေမယ့် ပြောက်ကျားသပိတ်ပြုလုပ်ပြီး အရှိန်မပျက် ဆန္ဒပြပွဲတွေ ပြုလုပ်နေပါတယ်။

9 months Ago
Up