ရုရှား ဒုတိယမြို့တော် စိန့်ပီတာစဘတ်ဂ်မှာ မတ်လ ၈ ရက် နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အမျိုးသမီး ၃၀ ကျော် စတင်စုဝေးခဲ့ပြီး ယူကရိန်းအပေါ် ကျူးကျော်တဲ့ စစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
အမျိုးသမီးတွေ ပန်းစည်းတွေကိုင် ရပ်နေပြီး တဦးက စစ်ပွဲအလိုမရှိ၊ ငြိမ်းချမ်းရေးပဲ လိုချင်တယ်လို့ အော်လိုက်ပါတယ်။ တမိနစ်ကြာအောင် မနေလိုက်ရဘဲ ရဲတွေက ၅ ဦးကို ဝိုင်းဖမ်းဆီးလိုက်ပြီးနောက် လူစုကွဲသွားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရုရှားမြို့ကြီး ၅၄ မြို့မှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြသမှုတွေ ဖြစ်ခဲ့ပြီး လူ ၁ သောင်းကျော် ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။