close

အမျိုးသမီးအလောင်း

close

September 23, 2022

မုံရွာတွင် မီးရှို့အသတ်ခံထားရသည့် အမျိုးသမီးအလောင်း ၁ လောင်းတွေ့ရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စက်မှုဇုန်အနီးက မြို့ပတ်လမ်းမှာ မီးရှို့သတ်ဖြတ်ပြီး ပီနံအိတ်ထဲ ထည့်သွင်းထားတဲ့ အသက် ၂၀ အရွယ် အမျိုးသမီးအလောင်း ၁ လောင်းကို စက်တင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းက တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီအမျိုးသမီးအလောင်းမှာ လက်ကြိုးတုပ်ထားပြီး မီးလောင်ကျွမ်းတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “မီးရှို့အသတ်ခံရတာ ဖြစ်နိုင်တယ်။ အလောင်းမှာ မီးလောင်ဒဏ်ရာတွေနဲ့ သေပြီးမှ ပီနံအိတ်ထဲ ထည့်ထားတဲ့ အနေအထား တွေ့ရတယ်။ ဘယ်လိုဖြစ်တာလဲတော့ မသိဘူး” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဘယ်သူဘယ်ဝါ၊ ဘယ်အဖွဲ့အစည်းက သတ်ဖြတ်ထားတယ်ဆိုတာကို မသိရသေးဘဲ လူမှုကယ်ဆယ်ရေးကားနဲ့ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးက ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

မုံရွာမြို့တွင်းမှာ အခု စက်တင်ဘာ ၁ ရက်ကနေ ၂၃ ရက်နေ့ထိ ပိုင်ရှင်မဲ့အလောင်း ၁၀ လောင်းမက တွေ့ရှိခဲ့ရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

15 mins Ago

September 10, 2022

ကုလားတန်မြစ်အတွင်း အမျိုးသမီးအလောင်း တလောင်း တွေ့ရှိ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ ကုလားတန်မြစ်အတွင်းမှာ စက်တင်ဘာ ၉ ရက် ညနေပိုင်းက အမျိုးသမီး အလောင်းတလောင်း တွေ့ရှိခဲ့တယ်လို့ ဖြူစင်မေတ္တာပရဟိတအသင်းက သိရ ပါတယ်။

ကျောက်တော်သကြားစက်ဘက်ကနေ ကျောက်တော်မြို့ဘက်ကို မျောပါလာတဲ့ အမျိုးသမီး အလောင်းတလောင်းကို မနေ့က ပရဟိတအဖွဲ့ဝင်တွေ ဆယ်ယူပြီး ကျောက်တော်ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဖြူစင်မေတ္တာပရဟိတသင်းမှ ကိုညီပုက ပြောပါတယ်။

“အလောင်းက ပိုင်ရှင်မပေါ်သေးလို့ ဘယ်သူဘယ်ဝါဆိုတာကို မသိရသေးသလို ဘယ်ကလည်း ဆိုတာကို မသိရသေးဘူး။ ရေမြုပ်ထားတာ အချိန်ကြာနေပြီဖြစ်လို့ ဒဏ်ရာတွေကတော့ များတယ်။ သူ့ကိုဆယ်ပြီး ရင်ခွဲရုံကို ပို့ဆောင်ပေးလိုက်တယ်။”

ဆေးရုံက စစ်ဆေးပြီးလို့ ပိုင်ရှင် မပေါ်ရင်တော့ နာရေးကူညီမှုအသင်း အစီအစဉ်နဲ့ သင်္ဂြိုလ်မယ်လို့ ကိုညီပုက ပြောပါတယ်။

အဲဒီအမျိုးသမီး ဘာကြောင့် သေဆုံးတယ်ဆိုတာ မသိရသေးဘဲ ရခိုင်ပြည်နယ်အတွင်းမှာတော့ မြစ်ချောင်းပေါများတဲ့အတွက် မိုးကာလ ငါးရှာ၊ ဟင်းရှာသွားကြရင်း ရေနစ်သေဆုံးတဲ့သူတွေ နှစ်စဉ်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2 weeks Ago
Up