close

အမျိုးသမီး၁ဦး ဒဏ်ရာရ

close

May 31, 2021

ညောင်တုန်းမြို့တွင် ၂ ကြိမ်ဆက်တိုက် ဗုံးပေါက်ကွဲ အမျိုးသမီး ၁ ဦးဒဏ်ရာရ

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့မှာ မေလ ၃၀ ရက် ညပိုင်းက ၂ ကြိမ်ဆက်တိုက် ဗုံးပေါက်ကွဲမှုကြောင့်  အမျိုးသမီး ၁ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

မြို့တော်ခန်းမနားနဲ့  ၂၂ လမ်းမှာ ည ၇ နာရီ ခွဲလောက်က ဗုံးဆက်တိုက်ပေါက်ကွဲခဲ့လို့ အမျိုးသမီး ၁ ယောက်ရဲ့ လက်မောင်းနား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့ နေရာကို အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ သွားရောက်စစ်ဆေးခဲ့ပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့လည်း ဒေသခံတွေက  ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ညောင်တုန်းမြို့မှာ ဗုံးပေါက်ကွဲမှု ပထမဆုံးအကြိမ် ဖြစ်ပွားတာ ဖြစ်ပါတယ်။  

1 min Ago
Up