close

အမျိုးသမီး၁ဦး

close

September 16, 2021

နတ်မောက်တွင် ဒေသခံအမျိုးသမီး ၁ ဦးကို အကြမ်းဖက်စစ်တပ်က ထပ်မံဖမ်းဆီး

မကွေးတိုင်း၊ နတ်မောက်မြို့၊ အထက-၂ ကျောင်းရှေ့၊ မြို့မကွက်သစ်မှာနေထိုင်တဲ့ မသဲစုမွန်ကို စက်တင်ဘာ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အမည်မဖော်လိုသူ မိသားစုဝင်တဦးက “စစ်ကောင်စီတပ်သား ၂၀ လောက်လာဖမ်းတာ။ ဘာ့ကြောင့် ဖမ်းတယ်ဆိုတဲ့ အကြောင်းအရင်းကို မသိရသလို ဘယ်ကိုဖမ်းခေါ်သွားလည်းဆိုတာ မသိရသေးဘူး။ အမျိုးသမီးဖြစ်နေတော့ စိတ်ပူတာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ လက်နှက်မဲ့ပြည်သူတွေကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက်သတ်ဖြတ်နေတဲ့အတွက် ပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံတွေက  ပြောဆိုနေကြပါတယ်။

အခုစက်တင်ဘာလအတွင်း နတ်မောက်မြို့နယ်မှာ ပရဟိတလုပ်ဆောင်နေတဲ့ ရဟန်း ၁ ပါးအပါအဝင် ပြည်သူ ၈ ဦးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။

7 mins Ago
Up