close

အမျိုးသမီး ၁ ဦး ခုန်ချသေဆုံး

close

September 16, 2022

သာကေတ ကမာကြည်တံတားပေါ်က ခုန်ချခဲ့သည့် အမျိုးသား သေဆုံး

ရန်ကုန်မြို့၊ သာကေတမြို့နယ် ကမာကြည်တံတားပေါ်က ခုန်ချခဲ့တဲ့ အမျိုးသားကို စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက သေဆုံးလျက် ပြန်တွေ့ခဲ့တယ်လို့ သာကေတမြို့နယ် လူမှုကူညီရေးအသင်းက သိရပါတယ်။

မနေ့ညနေ ၃ နာရီက ငမိုးရိပ်ချောင်းအတွင်း အမျိုးသားတယောက် ရုပ်အလောင်း တွေ့ရှိတဲ့အတွက် သတင်းအရ သွားရောက်ဆယ်ယူခဲ့ရာ ကမာကြည်တံတားပေါ်က ခုန်ချတဲ့အမျိုးသား ဖြစ်နေတယ်လို့ သာကေတမြို့နယ် လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ညနေ ၃ နာရီလောက်မှာ ငမိုးရိပ်ချောင်းထဲမှာ လူသေအလောင်းတွေ့လို့ ဖုန်းသတင်းအရ သွားရောက်ဆယ်ယူပြီး ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ပါတယ်။”

ကမာကြည်တံတားပေါ်ကနေ စက်တင်ဘာ ၁၄ ရက် မနက် ၉ နာရီက ခုန်ချခဲ့တာဖြစ်ပြီး သူ့ရဲ့ စက်ဘီး၊ ဖိနပ်နဲ့ အသုံးအဆောင်ပစ္စည်းတချို့ကို ချန်ထားခဲ့ပါတယ်။

ခုန်ချတဲ့အမျိုးသားဟာ သာကေတမြို့နယ်၊ ၆ ရပ်ကွက်၊ ရွှေပြည်သာလမ်းမှာနေထိုင်တဲ့ အသက် ၄၈ နှစ်အရွယ် ဦးမြင့်ထွေး ဖြစ်တယ်လို့ သာကေတမြို့နယ် လူမှုကူညီရေးအသင်းမှ သိရပါတယ်။

အခုရက်ပိုင်းအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံ ဒေသအနှံ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တာတွေ ခပ်စိပ်စိပ် တွေ့လာရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတယောက်ဟာ ၃ နှစ် သမီးလေးနဲ့အတူ ပြည် နဝဒေးတံတားပေါ်ကနေ ခုန်ချ သတ်သေသွားခဲ့ပါတယ်။

9 mins Ago

November 30, 2020

ချောက်-ဆိပ်ဖြူ အနော်ရထာ တံတားပေါ်က အမျိုးသမီး ၁ ဦး ခုန်ချသေဆုံး

မကွေးတိုင်း၊ ချောက်-ဆိပ်ဖြူ အနော်ရထာ မြစ်ကူးတံတားပေါ်က အမျိုးသမီး ၁ ဦး နိုဝင်ဘာ ၃၀ မနက် ၉ နာရီခွဲလောက်က ခုန်ချသေဆုံးမှု ဖြစ်ခဲ့တယ်လို့ ဆိပ်ဖြူ မြို့မရဲစခန်း တာဝန်ရှိသူဆီက သိရပါတယ်။ ဖြစ်စဥ်အသေးစိတ်ကို စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး လမ်းသွားလမ်းလာက မြင်လိုက်လို့ သတင်းရရှိတာဖြစ်ပြီး တံတား ပိုင်တိုင်အမှတ် P6-P7 ကြားမှာ ခုန်ချတာလို့ ဆိုပါတယ်။ သေဆုံးသူက ဆိပ်ဖြူ ယောဝရပ်ကွက်နေ အသက် ၂၉ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။ အခင်းဖြစ် ရေပြင်မှာ ဆိပ်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်းပြီး ရှာဖွေရာမှာ အမျိုးသမီးကို ဆိပ်ဖြူ ရေလယ်ကျွန်းကျေးရွာ ရွာဟောင်းအနီး ဧရာဝတီမြစ်အတွင်း မနက် ၁၀ နာရီခွဲလောက် သေဆုံးလျက် တွေ့ရှိခဲ့ပါတယ်။ အမျိုးသမီး ခုန်ချ သေဆုံးမှုနဲ့ပတ်သက်ပြီး ဆိပ်ဖြူ မြို့မရဲစခန်းမှာ သေမှုသေခင်း ဖွင့်လှစ် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်း - ကိုလင်း(ချောက်)
2 years Ago
Up